ထမင်းဆွဲခြင်း

651 37 1
                                    

ထမင်းဆွဲခြင်း
"သားရေ…ထမင်းချိုင့်ယူသွား"
အမေ က အချက်အပြုတ် အိမ်မှုကိစ္စတွေ ဝါသနာပါသည်။
ယောက်ျားလေးဖြစ်တဲ့ ကျွန်တော် ကျောင်းသွားချိန် ရေဘူး ထမင်းချိုင့် လက်သုတ်ပုဝါ အစ ခြင်းနီလေးဖြင့် ထည့်ပေးတက်သည်။
ငယ်စဉ် အချိန်က အကြောင်းမဟုတ်ပေမဲ့ ကိုးတန်း ကျောင်းသားတစ်ယောက်အနေနဲ့တော့ ထူးဆန်းလာသည်။
ရေဘူးဝယ်သောက်နေတဲ့ အချိန်မှာ ယုန်နားရွက်လေးနဲ့ ရေဘူး အနီရောင်လေးကို ထုတ်သောက်ရမှာ ရှက်စရာကောင်းသည်။
လွယ်အိတ် ခပ်ပါးပါးကို စတိုင်လုပ်ပြီး လွယ်နေကြချိန် ကျွန်တော့်မှာ ဆွဲခြင်းတစ်ဖက် အိတ် တစ်ဖက်ဖြင့် သယ်စရာတွေ များနေသည်။
တစ်ခါတလေ အိမ်က လုပ်ပြီးထည့်ပေးလိုက်တဲ့ မြန်မာ မုန့်တွေကလည်း စိတ်ပျက်စရာ ကောင်းလှသည်။
ဆယ်တန်းနှစ်မှာတော့ အားတင်း၍ အမေ့ရဲ့ ထမင်းဆွဲခြင်း ကို ငြင်းဆန်ဖို့ ကြိုးစားရတော့သည်။
ပထမဆုံး  ပြောတော့ အမေက လက်မခံ.."အိမ် ထမင်း ဟင်းလောက် ဘယ်မှ မကောင်းဘူး…အပြင်စာက ကျန်းမာရေးနဲ့ မညီညွတ်ဘူး"ဆိုတဲ့ အကြောင်းပြချက်ကြီးဖြင့် ကျွန်တော့်ကို ချုပ်နှောင်ပြန်သည်။
ထမင်းချိုင့် ငြင်းဆန်လို့ မရတော့အမေ နဲ့ ဆက်ဆံရေးကလည်း အဆင်မပြေဖြစ်လာသည်။
အမေ့ မျက်လုံးထဲမှာ ကျွန်တော်က အမြဲကလေးဖြစ်နေတာ မကျေနပ်.။
နောက်ပိုင်းတော့အပြင်းအထန် ငြင်းဆန်ခဲ့လို့ ဆွဲခြင်းလေး မပါပဲထမင်းနှစ်ဆင့်ချိုင့်သာ ခပ်ပေါ့ပေါ့သယ်ရသည်။
တက္ကသိုလ် ရောက်ချိန်အထိ တစ်ခါတလေ အမေက ထမင်းချိုင့်လေး ထည့်ပေးတက်သည်။
မယူချင်ဘူး ပြောပြီး ထားခဲ့သလို တစ်ခါတလေ တော့လည်း အမေ့ကို အားနာလို့ ယူခဲ့သည်။
ကျွန်တော့်ထမင်းချိုင့်ခြင်းလေးကို လက်က မဆွဲရတာ နှစ်များစွာ ကြာလှပြီ..။
" ရေများများသောက်ဖြစ်အောင် ရေဘူးဆောင်ထားပါ… အသင့်အစားအသောက်တွေကြောင့် ခုလို ဖြစ်တာပါ….အပြင်စာ လုံး၀ မစားပါနဲ့…"
ဆေးခန်းက အပြန် အိမ်မှုကိစ္စ နိုင်နင်းသည့် အမေ့ရဲ့ မီးဖိုခန်းလေးဆီကို အလည်သွားဖြစ်သည်။
မီးဖိုခန်းက စင်ပေါ်မှာ ကျွန်တော့်ဆွဲခြင်းအနီလေးကို ပြန်တွေ့သည်။
ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ထမင်းဆွဲခြင်းလေး  ပြင်ပေးနိုင် သည့် အမေကတော့ မရှိတော့ပြီ..။
Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now