လိုက်ပွဲ

168 19 1
                                    

လိုက်ပွဲ
"ကိုစိုး…အငယ်မ ကို ကျုရှင်လိုက်ပို့လိုက်ဦး…"
"စက်ဘီးနဲ့ လွှတ်လိုက်လေကွာ…"
"အိုး…လွှတ်စရာလား…ကလေး က လမ်း ပေါ်သေချာ နင်းတက်သေးတာ မဟုတ်ဘူး.."
"ကိုစိုး….အငယ်မ ကို နိုးလိုက်ဦး…ကျောင်းနောက်ကျဦးမယ်.."
"ဒီအရွယ်အထိ လိုက်နိုးနေရတုန်းပဲ..ကျစ်….."
"ကလေး ကို မပြောနဲ့….မိဘတွေ မရှိတော့လို့ အားငယ်နေရတဲ့ကြားထဲ….ရှင်  ကိုယ့်ညီမလို သဘောမထားနိုင်ဘူးလား..ဟမ်…တကယ်တဲ…မိသားစု စိတ်ကို မရှိဘူး."
ယောက်ျားဖြစ်သူကို ငေါက်လိုက်ပြီး ဆိုင်ထွက်ဖို့ ပြင်ဆင်ရပြန်သည်။
မိသားစု သုံးယောက်ကနေ လေးယောက် ဖြစ်လာတော့ ညီမ ဖြစ်သူအတွက် ကျောင်းစရိတ်လည်း ပိုရှာရမည်။
ညီမလေး ဆိုပေမဲ့ အသက်ကွာလွန်းသလို မိဘလည်းမရှိတော့လို့ ကိုယ့်သမီးလေးလိုပဲ ချစ်ရပါသည်။
ဆယ်တန်းဆိုတဲ့ စာမေးပွဲလည်း ရှိနေတော့ ကိုယ် ဂရုမစိုက်နိုင်ချိန် သူ့အစ်ကို ကိုသာ တာဝန်ပေးထားရသည်။
"မမ…သမီးကျောင်းသွားတော့မယ်…"
"အေး…ဒီမှာ မုန့်ဖိုးယူသွားဦး…နေ့လည်စာ သေချာဝယ်စားနော်…စုမထားနဲ့…ကြားလား.."
ကိုစိုးကတော့ ပြောစရာမလိုအောင် ဆိုင်ကယ်ထုတ်ပြီး အဆင်သင့်စောင့်နေပြီ..။
စာမေးပွဲပြီးလို့ ကျောင်းပိတ်ချိန်မှာ ညီမ ဖြစ်သူကို သင်တန်းလေးတွေ တက်ခိုင်းထားသည်။
"ရင်ပြည့်ပြီထင်တယ်…မမ ညနေ ဆေးခန်းလိုက်ပြပေးမယ်နော်…မသက်သာရင် နင့်အကို နဲ့ပဲ သွားလိုက်"
တစ်ခုသောမနက်ခင်း ညီမဖြစ်သူကို လျက်ဆားလေး ကျွေးကာ စိုးရိမ်စိတ်ဖြင့်ဈေးထွက်လာခဲ့ရသည်။
ညနေ ဈေးစောစောသိမ်းပြီး ပြန်သွားချိန် သားဖြစ်သူက ဘေးအိမ်ကို ရောက်နေသည်။
စားပွဲပေါ်မှာ စာတစ်စောင်"သမီး ကို ခွင့်မလွှတ်ပါနဲ့ မမရယ်…အားလုံး
သမီးမှားတာပါ…ကိုကြီး ကို သမီးချစ်လို့ မှားမိတာပါ….အခု..နောက်ဆုတ်မရတဲ့အခြေအနေတွေ ဖြစ်ကုန်လို့ ကိုကြီးနဲ့ သမီး လိုက်သွားပါပြီ…."
"ညည်းကိုက အူတာပါအေ….အပျိုဖြန်းလေးနဲ့ တစ်နေ့ကုန်စိတ်ချလက်ချ လွှတ်ထားတာပဲ…"
ဘေးအိမ်က အဒေါ်ကြီး ပြောလိုက်ချိန် ခေါင်းရမ်းမိသည်။
အသက်ဆယ်ငါးနှစ်ကျော်ကွာသည့် ကလေးတစ်ယောက် ၊ ညီမ တစ်ယောက်၊ ခယ်မ တစ်ယောက်နဲ့ ဘယ်လောက်ပဲ နီးစပ်ပါစေ မှားသင့်ရဲလား..နီးတိုင်းသာ မှားတက်ရင် တိရစ္ဆာန်နဲ့ ဘာများကွာခြားကြဦးမှာလဲ..။
Love U All ❤
Spica Lin
#စပိုက်ကာလင်း


One PageWhere stories live. Discover now