လွှတ်

904 34 0
                                    

လွှတ်
"ဘယ်တော့ ပြန်လာမှာလဲ…"
"သုံးရက်လောက် ကြာဦးမယ်..ကိုယ် မေးတာ ဖြေဦးလေ…မနေ့က ဘယ်ကိုသွားလို့ ဖုန်းမကိုင်တာလဲ"
"အိမ်မှာပဲလို့….ဘာလဲ…မယုံပြန်ဘူးလား…စိတ်ပူတယ်ဆိုပြီး…ချုပ်ချယ်တာ…သဝန်တိုတာ မဟုတ်ဘူး…နှိပ်စက်နေတာ…တော်ပြီဟာ…တကယ်စိတ်ကုန်ပြီ…ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး…"
"…….."
ဖုန်းကိုင်ထားရင်း တိတ်ဆိတ်နေလိုက်သည်။
အခန်းထဲမှာ ဖွင့်ထားတဲ့ ပန်ကာရဲ့ အသံကကျယ်လောင်နေသည်။
လက်ကို တင်းအောင် ဆုပ်ပြီး အံကြိတ်ထားရင်း သက်ပြင်းတစ်ချက် ချမိသည်။
"အိုကေ…ပြီးပြီပေါ့…"
အိပ်မက်နဲ့ အနာဂတ်တွေ  အရာ အားလုံး ပြီးဆုံးသွားခဲ့ပြီ..။
ပုံမှန်ဆို သုံးလေးရက်ထပ် မပိုပဲ ကိုယ်က အရင် ဖုန်းစခေါ်လိုက်သည်။
စိတ်ကောက်နေရင် ရအောင် ချော့သည်။
သုံးနှစ်ဆိုတဲ့ချစ်သူ သက်တမ်းတစ်ခုကို ဖြတ်သန်းခဲ့ကြပြီးပြီမို့  အလွမ်း ဝေဒနာက ပြင်းလွန်းသည်။
နှလုံးသားက နာကျင်ပေမဲ့ ချစ်သူရဲ့ အပြုံး အစား အရက်တစ်ခွက် နဲ့ပဲ ဖြေသိမ့်မည်။
"တင်…"
"ကိုကို….သဲ မှားပါပြီ…ခွင့်လွှတ်ပါ…ကိုကို လောက် သဲအပေါ်ကောင်းတဲ့သူ မရှိပါဘူး…နောက်ဆို လိမ်မာပါတော့မယ်.."
ဖုန်းမကိုင်တာကြောင့် တခြားနံပါတ်တစ်ခုဖြင့် စာပို့လိုက်ခြင်း ဖြစ်သည်။
နှုတ်ခမ်းက ပြုံးသွားပေမဲ့ မျက်ရည်ကတော့ ပါးပြင် တစ်လျှောက် စီးကျသွားသည်။
သံယောဇဉ် လက်ကျန် တွေကို အံကြိတ်ထိန်းရသည်။
သူရဲ့ သူငယ်ချင်းဆိုတဲ့ ကောင်နဲ့ နမ်းနေတဲ့ ပုံကို ပို့လိုက်သည်။
"မှားပါပြီ…နောင်မလုပ်ပါဘူး" ဆိုတဲ့ အလိမ်အညာ ခံဝန်တွေနဲ့လည်း အကြိမ်ကြိမ် ကြိုးစားချစ်ခဲ့ပြီးပြီ.။
"F***…"
မမြင်မတွေ့ချင်လောက်အောင်ကို နင့်ကိုငါ လွှတ်လိုက်ပြီ….။
Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now