အလှည့်

203 29 0
                                    

အလှည့်
"မောင်နော်….သိပ်စတာပဲ.."
ချစ်သူ နဲ့ ရက်လှ ကြာရှည်စွာ ချစ်ကြိုက်ပြီးနောက် လက်ထပ်လိုက်ပြီးပြီမို့ ညားခါစ လင်မယား ထုံးစံအတိုင်း ကြည်နူးစရာတွေက အပြည့်အဝ..။
ကိုယ့်ချစ်သူက ကိုယ့်ကို အသက်တမျှ ငုံထားမတက်ချစ်ပြီး အလိုလိုက် အကြိုက်ဆောင် စေလိုရာစေ နိုင်သည်။
အိမ်ရှေ့ခန်းမှာ ထိုင်နေချိန် ပါးကို ဖျစ် ရန်စလိုက်တဲ့ ချစ်သူရဲ့ ကျောကို တအုန်းအုန်းထုပစ်လိုက်သည်။
ချစ်သူရည်းစားဘဝကတည်းက လက်ပါတက်သည့် အကျင့်ကြောင့် လင်မယားကြားမှာ ဘာပြဿနာမှ မရှိနေ..။
"သြော်….ငါ့သားမှာလည်း ဒုက္ခပဲ…နင်က စကားတစ်ခုပြော လက်က တစ်ချက်နဲ့ ဘယ်လိုုဖြစ်နေတာလဲဟယ် .."
"မနာပါဘူး…အမေရဲ့…"
"ဟို…သမီးက အကျင့်ပါနေလို့ပါ မေမေ.."
"နင့်အကျင့်ကြီးကလည်း တစ်ဖက်သားကို မညှာမတာအေ…"
ကိုယ့်အိမ်နဲ့ ကိုယ်သာ နေရရင် လွတ်လပ်လိုက်မည် ဖြစ်ခြင်း..။
ခုတော့ လင်မယားနှစ်ယောက် ရန်စ စိတ်ကောက် ပြန်ချော့လိုက်ဖြင့် သာယာတာတောင် မလွတ်မလပ် မျက်စိ ကို ဒေါက်ဖြင့် ဒေါက်ပြီး စောင့်ကြည့်နေသလိုပင်.။
ချစ်သူကို တစ်ပတ်လောက် စိတ်ကောက်ပြီး နောက်တော့ အလုပ်အကြောင်းပြ၍ အိမ်ငှားနေခဲ့တော့မှ လွတ်လပ်ခြင်းတို့ကို အပြည့်အ၀ ခံစားရတော့သည်။
"ကိုကို…ဆံပင်ဖွတာ ..မကြိုက်ပါဘူးဆိုကွာ…"
သားဖြစ်သူ ရဲ့  ကျောကို မညှာမတာ အုန်းခနဲ့ ထုလိုက်တော့ ကိုယ့်ရင်ထဲ ဆစ်ခနဲ့ ဖြစ်သွားသည်။
သားကတော့ ရယ်ရင်း သူ့ကောင်မလေးကို နှာခေါင်းရှုံ့ပြီးပင် ထပ် စလိုက်သေးသည်။
"မေမေ သားတို့ လက်ထပ်ပြီးရင် ဟိုဘက် တိုက်ခန်းမှာ နေကြမလားလို့…"
မျက်လုံး အပြူးသားဖြစ်သွားတော့ ချွေးမလောင်းလေးက မျက်နှာပျက်သွားသည်။
ကိုယ့်တုန်းက မလွတ်လပ်ခဲ့တာသိလို့ ကိုယ့်အခန်းနဲ့ ကိုယ်နေဖို့ ကိုယ်တိုင် စီစဉ် တိုက်တွန်းခဲ့မိသည်။
သား လက်မောင်းကို လိမ်ပြီး ကျောကို တစ်ချက် ထပ် ထုတော့ ကိုယ့် ရင်ထဲ အောင့်တက် သွားရပြန်သည်။
တစ်ချိန်က ချစ်သူကို နွဲ့ဆိုးချိန် မျက်နှာ မကောင်းဖြစ်နေတက်သည့် ယောက္ခမ ကို မြင်ယောင်လာမိသည်။
ကိုယ့်ရဲ့ ချစ်သူ ဆိုပေမဲ့ တစ်စုံတစ်ယောက်ရဲ့ အသက်တမျှ ချစ်ရသော ရင်သွေး ဆိုတာ မေ့နေခဲ့လို့ပါ အမေရယ်…။
Love U All ❤
Spica Lin
#စပိုက်ကာလင်း

One Pageحيث تعيش القصص. اكتشف الآن