သစ္စာ

152 21 0
                                    

29
သစ္စာ
"မမရေ…ပြန်ပြီ….မုန့်ဘူးလည်းယူသွားတယ်သလား…သွားပြီ….မေမေရေ…"
ညီမ ဖြစ်သူ ပျာကလပ်စိန်ကြောင့် စိတ်မသက်မသာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"အမေ…ငယ်ငယ်ကို နည်းနည်းပြောဦး…အခုဆို  သူ့ယောက်ျားက အလုပ်အကိုင်ကလည်း အဆင်ပြေလာပြီ…ဝန်ထမ်းတွေကလည်း မိန်းကလေးတွေ များတယ်…အမေ့ သမီးနေပုံထိုင်ပုံနဲ့တော့"
အမေကလည်း ညီမဖြစ်သူကို ပြောမရတော့သလိုမျိုး သက်ပြင်းတစ်ချက် အရင်ချလိုက်သည်။
ညီမလေး တစ်ယောက်တည်း ရှိလို့ ငယ်သေးသည်လို့သာ မြင်ပေမဲ့ အိမ်ထောင်ရေးဆိုတာ ထင်သလို မဟုတ်။
အသက်နစ်ဆယ်ကျော်နဲ့ လက်ထပ်ကြပြီး ကလေးတန်းယူ တာ ကလေး နှစ်ယောက်က နှစ်နှစ်တောင် မခြား.။
အိမ်ထောင်သက် ခြောက်နှစ်ကျော်လာပေမဲ့ ကလေးတစ်ယောက်လို ပင် စားလိုက်သောက်လိုက် ကလေးတွေနဲ့ အပြိုင် ဆော့လို့ကောင်းတုန်း။
ပြင်ပြင်ဆင်ဆင်လည်း မရှိ ကလေးမွေးပြီး ဝိတ်လည်း ပြန်မချ.. စားကောင်းတုန်း။
တစ်ခါတလေ လင်မယားနှစ်ယောက် အိမ်လည်လာရင် ရွယ်တူပေမဲ့ ယောက်ျားဖြစ်သူက ပိုနုနေသည်။
ဟိုတနေ့က သူတို့ဆိုင်ကိုဝင်သွားချိန် ဆရာ ဆရာနဲ့ ကြားရအဆင်မပြေသည့် အသံအနေထားတွေလည်း ကြားနေရသည်။
"ဟဲ့..ငယ်ငယ်…အဝတ်အစားတောင်မလဲပဲ…ခေါင်းစုတ်ဖွားနဲ့ ဘယ်လို ဖြစ်လာတာလဲ…"
"ကိုယ့်အမေဆီလာတာ ပြင်စရာ လိုလို့လား…မလိုပါဘူး..အမေရာ…ရာသီဥတု က ပူလိုက်တာ မပြောပါနဲ့."
ဘောင်းဘီပွပွ နဲ့ ကလေး နှစ်ယောက် လက်ဆွဲကာ ရောက်လာတဲ့ ညီမဖြစ်သူကို ပြောစရာမရှိ။
ကိုယ်လည်း အမေ့အိမ်လာတယ်ဆိုပေမဲ့ ပြင်ရဆင်ရ တာ အတော်လေး ကြာခဲ့သည်။
ယောက်ျားဖြစ်သူလည်း ဂုဏ်ရှိအောင် အသိမိတ်ဆွေနဲ့ တွေ့လည်း အဆင်ပြေအောင် လှလှပပသာနေသည်.။
အပေါင်းအသင်းတွေနဲ့ တွေ့တိုင်း အသက်နဲ့မလိုက်အောင်နုသည်လို့ ပြောကြသလို ယောက်ျား ဖြစ်သူ အသိုင်းအဝိုင်းမှာလည်း ကိုယ့်ကြောင့် သူက မိန်းမရ ကံကောင်းသူ အဖြစ် မျက်နှာ ရနေသည်။
အခုတော့ ညီအစ်မ နှစ်ယောက် အပြင်သာတူတူသွားရင် ရွဲ့သလားမှတ်လောက်အောင် ခြားနားလွန်းသည်။
"မမ…လာဦး….ကိုကြီးလေ….စကီလေး တစ်ယောက်နဲ့ တွေ့လိုက်တယ်…နည်းနည်းစုံစမ်းဦး.."
ညီမဖြစ်သူက  အမေချီးမွန်းနေတာ မကျေနပ်လို့ တမင်ရန်စ ပြောတယ်ထင်မိပြီး ရယ်ခဲ့မိသေးသည်။
အပျိုနဲ့ မခြား အပျို အရွယ်လေးတွေနဲ့ တန်းတူ ဖြစ်နေသည့်  ဘတ်စုံထူးချွန်တဲ့ ဇနီးဖြစ်သူရှိနေသားပဲလေ.…တခြား မိန်းမ ကို မြင်ပါ့မလား…။
ကိုယ့်လောက် ရုပ်ရည်မရှိ ကိုယ့်လောက် မသားနားသော မိန်း မ တစ်ယောက်နဲ့ လက်ချိတ်သွားနေတဲ့ ယောက်ကျားဖြစ်သူကို တွေ့လိုက်တော့ မယုံနိုင် ဖြစ်ရသည်။
"အမလေး…သူတို့ အကြိုက်ကို လိုက်ပြီး ဘယ်လောက်ပဲနေနေပါ…သစ္စာမရှိတဲ့ သူက ဘယ်လို ထားထား ဖောက်ပြန်တာပဲ မမရဲ့… ဂရုကိုမစိုက်ဘူး …သစ္စာမရှိရင်…ဂိုးပဲ…" ညီမဖြစ်သူရဲ့  စကားကို  သတိရပြီး ကိုယ့်ခံယူချက် အမှားတွေ အတွက် နောင်တ မျက်ရည်ကျလာသည်။
ကိုယ့်ဘက်က ဘယ်လောက်ပဲ သူ့အတွက် ပြောင်းလဲထားပါစေ…သူက တခြားသူကိုပဲ မြင်နေတာ မသိနိုင်ခဲ့ပါ။

Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now