ပါဝါ

371 26 2
                                    

30
ပါဝါ
"မသွားနဲ့…မေရီး….ပိုးတောင် ကိုက်လိမ့်မယ်..ကိုက်လိမ့်မယ်…"
"ဟယ်..သောက်ကလေးတွေနဲ့တော့ ခက်ပါတယ်…ကိုအောင်ခိုင်…ဘာ ငုတ်တုတ် ထိုင်နေတာလဲ …
လာခေ ါ်လေ …. ဒီမှာ နောက်ကျနေပြီ ဆိုကာမှ…စိတ်ဆင်းရဲပါတယ်…ဟဲ့…ဖယ်စမ်း…ရိုက်မိတော့မယ်…"
အောင်ခိုင် ခေါင်းကုတ်ရင်း အမေ့ ထဘီစကို ဆွဲပြီး ငိုနေတဲ့ သားကို ကောက်ချီလိုက်ရတော့သည်။
ဈေးဗန်းခေါင်းပေါ်ရွက်ပြီး ထွက်သွားတဲ့ မိန်းမ ဖြစ်သူကို စိတ်မချစွာဖြင့် မက်တပ်ဖို့ လှမ်းအော်ရသေးသည်။
ဈေးဆိုင်တွေပိတ်ထားလို့ ဈေးရောင်းရသည်ဆိုပေမဲ့ အသက်နဲ့ရင်းပြီး အလုပ်လုပ်နေရခြင်းဖြစ်သည်။
မိန်းမကို မခိုင်းချင်ပေမဲ့လည်း ကိုယ့်ရဲ့ ကျပန်း အလုပ်တွေ အားလုံးက ရပ်ထားလိုက်ပြီမို့ ခက်သေးသည်။
ရောဂါတွေက အခြေအနေ ဆိုးလာပြီမို့ လူအတော်များများ အိမ်ထဲမှာသာနေတော့သည်။
ကိုယ်ခံအား မကောင်းတဲ့သူဆို ရောဂါကြောင့် ချက်ချင်း သေကြသည်ဆိုတဲ့ အကြောင်း တွေးမိသည်။
ဟင်း…ဘုရား..ဘုရား…မိစုလို့ ငါးခြောက်ရိုးသာ ဆို…အိုး..မတွေးကောင်း..ဖွဖွ….လွဲပါစေ..။
"အီး…မေရီး…ပိုးတောင်ကိုက်မယ်….အီး…""အီး…မေရီး…ပြန်လာပါ….အီး…"
ကလေးနှစ်ယောက်က ငိုနေတော့ နည်းနည်းငေါက်လိုက်ပြီး အိမ်ပေါ် ပြန်တက်လာခဲ့ရသည်။
"မေရီး…မေရီး…ပိုးတောင် ကိုက်တွားလိမ့်မယ်…ဟီး…မေရီး..ဟီး….ဟီး….အပြင်တွားနဲ့…"
"မကိုက်ပါဘူးကွာ….မင့် အမေက ပါဝါရှိတယ်…မကိုက်ရဲဘူး..သူ့တုတ်နဲ့ရိုက်ရင် မင်းတို့တောင် ငိုတယ်လေ…ပိုးကောင်က သူ့ကို မကိုက်ရဲဘူးဟ…မေရီးက အနီကောင်…ပါဝါရှိတယ်…"
အောင်ခိုင် စိတ်ရှုပ်စွာဖြင့် သူတို့ စွဲလမ်း နားလည်သော ပါဝါရိန်းကျားဖြင့်ပင် ရှင်းပြပေးရသည်။
တီဗွီထဲမှာ ကျန်းမာရေး ကြော်ငြာတွေကို မြင်ပြီး အငယ်ကောင်က သူ့အမေအပြင်သွားတိုင်းငိုတော့သည်။
မိန်းမဖြစ်သူ ဈေးရောင်းထွက်နေချိန် သူသက်သာအောင် အိမ်အလုပ်တွေ နဲ့ ထမင်းချက် ဟင်းချက် လုပ်ပေးထားရသည်။
"ဟေး…မေရီး…ပြန်လာပီ…"အောင်ခိုင် အဝတ်အစားတွေကို ယူပြီး အိမ်ရှေ့ မှာ ချပေးထားလိုက်သည်။
မိုးမိလာပေမဲ့ ခေါင်းကို ရေလောင်း ချိုးကာ အဝတ်အစားလဲပြီးတော့မှ အိမ်ပေါ် တက်လာတော့သည်။
မနက်တုန်းက ငိုပေမဲ့အခု မုန့်ထုတ်ကိုင်ပြီး ထိုင်စား နေတဲ့ ကလေး နှစ်ယောက်ကို တစ်ချက်ကြည့်မိသည်။
ထမင်းငုံ့စားနေတဲ့ မိန်းမ ဖြစ်သူကို သနားကရုဏာ ဖြစ်ရသလို ချီးကျူး လေးစား မိပါသည်။
"ကိုအောင်ခိုင်…စားလေ…ဘာကြောင်ကြည့်နေတာတုန်း…ခေတ်မကောင်းဘူးဆိုပေမဲ့
ရောင်းကောင်းတယ်တော့်…ခုလို တစ်ခါမှ မရောင်းရဖူးဘူး…အဟွင်း"
ဈေးရာင်းကောင်းလို့ ပျော်ပြနေပေမဲ့ သူလည်း လူသားပဲလေ ကြောက်ရှာမှာပေါ့…။
အသက်ရင်းပြီး မိသားစု အတွက် ရှာဖွေနေသည့် အမေတစ်ယောက်ရဲ့  စိတ်ဓာတ် ပါဝါကို တွေးရင်း မျက်ရည်ဝဲလာတော့သည်။

Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageUnde poveștirile trăiesc. Descoperă acum