ယူသူ

56 11 2
                                    


7

7

၄၇

ယူသူ

"ဒေါ်မြ...ဟေ့..ဒေါ်မြ..."

အသံကျယ်ကျယ် အော်တော့မှ အပြင်ဘက်က မီးကို ဖွင့်လိုက်သည်။

သိပြီးသားပဲ...ငါ့အသံကြားလို့ အသံမပေးတာ ခုကလည်း ဘေးပတ်ဝန်းကျင်ကြောင့် ထလာပြီး ဆဲဖို့..။

"ဟဲ့...ညကြီး မိုးချုပ်...ဘာကိစ္စအော်နေတာလည်း..မသာကောင်ရဲ့..."

"အလကား လာတာ မဟုတ်ဘူး..ပစ္စည်းလာထားတာ.."

"အမလေး..ဘာမှ မယူဘူး..နင့်ပုဆိုး အစုတ် နင့်မိန်းမ ထဘီစုတ်ကို နင်က ထားလိုက် နင့်မိန်းမက လိုက် ဆဲလိုက်နဲ့ ငါ့အိမ်မှာ လာဘ်တိတ်တယ်..မယူဘူး.."

"သူ့ဟာ မဟုတ်ဘူးဗျ...ခင်ဗျားကလည်း စကားကို များတယ်...."

လက်ထဲက အိတ်ကို ပစ်ချလိုက်တော့ အဘွားကြီးက မျက်စောင်းထိုးပြီး အိတ်ကို ဆွဲယူကာ ဖွင့်ကြည့်သည်။

"အမယ်...အသစ်ပါလား..ဘယ်က ဟာတွေတုန်း.."

ခေါက်ပြီးသား အကျီ ၤကို ဆွဲထုတ်ပြီး ဖြန့်ကြည့်တော့ အကောင်းစား ရေမွှေးနံ့လိုလို ထွက်လာပြီး အဘွားကြီးက မင်္သကာသလို တစ်ချက်ကြည့်သည်။

"အမယ်...ကျုပ် ခိုးလာတာ မှတ်သလား...တစ်သက်လုံး မလုပ်ဘူး..ခုက အလုပ်ရှင် အိမ်က ကလေးမလေး က ကျုပ်သမီး ဝတ်ဖို့ ပေးလိုက်တာဗျ..."

"ဟဲ့...အဲဒါဆိုလည်း နင့်သမီးကို ပေးလိုက်လေ...နင် ငါ့ဆီလာထားပြီးရင်လည်း အရေပဲ သောက်မှာမလား..နင့်သမီးကို နင် ဆင်ပေးနိုင်သလား..ကလေး တဖြည်းဖြည်းကြီးလာပြီ.. လှူတဲ့လူကလည်း စေတနာ အပြည့်နဲ့ လှူတာ လျှော်ဖွတ်မီးပူတောင် ထိုးပေးလိုက်သေးတယ်...ဝတ်ပါစေလား.."

"ဟာဗျာ...ကျုပ်သမီး အကျီ ၤက ကျူပ် ပိုင်တာပဲမလား...စကားများမနေနဲ့...ညဆယ်နာရီဆို ဆိုင်က ပိတ်တော့မှာ...ဘယ်လောက် ပေးမလဲပဲ ပြော...နိမ်တော့ မယူနဲ့နော်..အလှူပစ္စည်း.."

အဘွားကြီးက မျက်စောင်းထိုးပြီး အကျီ ၤသုံးထည်ကို သုံးထောင်ထုတ်ပေးတော့ ဘုံဆိုင်ကို ချီတက်ရသည်။

"ဟေ့ကောင်...မင်းကို လုံး၀ မရောင်းတော့ဘူးလို့ ပြောထားပြီးသား.."

ထုံးစံအတိုင်း မျက်နှာထားတင်းတင်း မာမာနဲ့ ပြောနေတဲ့ ဘာမဟုတ်တဲ့ ကောင်ကို ဘုကြည့်ကြည့်ပြီး အိတ်ထဲက ပိုက်ဆံကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။

"အရင်အကြွေး ထဲ နှစ်ထောင်ထည့်လိုက်...ဒီနေ့ တစ်ထောင်ဖို့ အပြည့်ချပေး..အမြည်းလည်းချဦး.."

ပိုက်ဆံပေးလိုက်တော့မှ မျက်နှာထားပြောင်းပြီး အရက်သွားယူတော့ သက်ပြင်းတစ်ချက် ချမိသည်။

ငါလည်း ဒီ အရက် မဖြတ်နိုင်သေးသရွေ့တော့ ဒီလိုပဲ ရှေ့ဆက်ရ

ဦးမှာပါပဲလေ..။








One PageWhere stories live. Discover now