လမ်းခွဲ

135 24 0
                                    

လမ်းခွဲ
"ငါတို့ လမ်းခွဲရအောင်…"
ဒီစကားကို ပြောခဲ့တာ လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်တော် ကိုယ်တိုင် ပြောခဲ့ခြင်းဖြစ်သည်။
အရင်ဆုံး ကျောခိုင်းထွက်လာသူကလည်း ကျွန်တော်ပဲ ဖြစ်သည်။
အားလုံးကို အဆုံးသတ်ပစ်ချင်ခဲ့တာလည်း ကျွန်တော် ကိုယ်တိုင် ပင် ဖြစ်ခဲ့သည်။
သူနဲ့ပတ်သက်သမျှ အရာရာရဲ့ အဝေးဆုံးမှာ တိတ်တဆိတ် နေခဲ့သည်။
သူ့ဘက်က ခါးခါးသီးသီး မုန်းတီးနာကြည်းသွားမည် ဆိုတာလည်း သိပါသည်။
"ကိုကို နဲ့လက်ထပ်ပြီး ကလေးတွေ မွေးမယ်…ကိုကို အလုပ်တစ်ခု အတည်တကျ  လုပ်တော့နော်.."
"အင်းပါ…"
"ရုံးက အေးဆေး ပုံစံလို့ ထင်ရတဲ့ လူတစ်ယောက်က အတင်းတွေ လာရောနေတယ်… "
ထိုစကားကို ကြားရတော့ ဘာမှ မဖြစ်သလို နေခဲ့လို့ သူမ စိတ်ဆိုးခဲ့သေးသည်။
ကျွန်တော် တိတ်တဆိတ် စုံစမ်းရသလောက် သူမထက် သုံးနှစ် အသက်ကြီးပြီး ရာထူးလည်း ကြီးသည်။
သူမကို တကယ်ချစ်ပြီး လက်ထပ်ဖို့အထိ စိတ်ကူးထားကြောင်းလည်း သိခဲ့ရသည်။
အလုပ်တစ်ခု အတည်တကျ မရှိသေးပဲ နှစ်ရှည်တွဲခဲ့တဲ့ ရည်းစားကြောင့် သူမ မိဘတွေရှေ့မှာလည်း မျက်နှာငယ်ရသလို..သူငယ်ချင်းတွေရှေ့မှာလည်း ကြွားစရာ စကားမဲ့ခဲ့ရှာသည်။
ခြောက်နှစ်ဆိုတဲ့ အချိန်အတွင်း လက်ထပ်ဖို့ အတင်းမပူဆာပေမဲ့ ပတ်ဝန်းကျင်ဆိုတာ ရှိသည်။
ကျွန်တော်နဲ့ဆိုရင် လက်ထပ်နိုင်ရင်တောင် တင့်တောင်းတင့်တယ် ဖြစ်မည် မထင်.။
သူမကသာ အရာရာ စွန့်လွှတ် အနစ်နာခံပြီး ပေးဆပ် ချစ်နေရသလို ဖြစ်နေသည်။
အချစ်တစ်ခု ကြောင့် သူမ ပင်ပန်းနေတာ တွေးမိတိုင်း ရင်ထဲက နာကျင်ပြီး သနားမိသည်။
အပြစ်တစ်ခုမှ မရှိသည့် သူမကို စိတ်ကုန်တယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့် လမ်းခွဲပြီးချိန် သူမ အတော်ခံစားရမည် ဆိုတာ ကြိုတင် တွက်ဆ ပြီးသား ဖြစ်ပါသည်။
လမ်းခွဲခဲ့ပြီး တစ်နှစ် အကြာမှာ သူမ ကို သိပ်ချစ်သော ရင်ခွင်တစ်ခုမှာ သူမ အတည်တကျ ဖြစ်ခဲ့သည်။
ကျွန်တော် နဲ့တုန်းက အနာဂတ်အတွက် သောကများပြီး ပူပန်ရသမျှ အခုတော့ ကြည်နူးစွာ ချစ်နိုင်ပြီ..။
ကျွန်တော်ကတော့ တစ်နှစ်ဆိုတဲ့ အချိန်တစ်ခုအတွင်း ကြိုးစားနေတဲ့ကြားက အလုပ်သုံးခုပြောင်းရသေးသည်။
ဘာပဲ ဖြစ်ဖြစ် ညတိုင်း အိပ်မက်ထဲမှာ သူမကို  မျက်ရည်များဖြင့် ထွေးပွေ့ခွင့်ရနေတာလေးကို ကျေနပ်သည်..။
Love U All ❤
SpicaLin
#စပိုက်ကာလင်း

One PageWhere stories live. Discover now