အပြောင်းအလဲ

2.2K 57 1
                                    

အပြောင်းအလဲ
"မင်္ဂလာပါ…ဆရာမ.."
"မင်္ဂလာပါ…တပည့်တို့ ထိုင်ကြ.."
"ကျေးဇူးတင်ပါတယ်…ဆရာမ…"
"သချာၤစာအုပ်တွေ လာထပ်ကြနော်..အိမ်စာ မလုပ်လာတဲ့သူ အပြင်ထွက်ခဲ့.."
"…….."
ကျောင်းသားလေးယောက်ထဲမှာ ပုံမှန်ပါနေကြ ဖြစ်တဲ့ စိုးညီ လည်း ပါလာပြန်သည်။
မျက်နှာကို တင်းတင်းထားပြီး လက်စွဲတော် ကြိမ်လုံးကို ဆွဲယူလိုက်သည်။
"လက်ဝါးဖြန့်.."
ကျောင်းသား အကုန်လုံးကို သုံးချက်စီ ရိုက်ပြီး စိုးညီ အလှည့်မှာ ရှောင်လို့ တစ်ချက် ပိုရိုက်လိုက်သည်။
"ဆရာမ…ဘာလို့ ကျွန်တော့်ကို ပိုရိုက်တာလဲ…"
"နင် ရှောင်လို့လေ..အိမ်စာ မလုပ်လာလို့ အရိုက်ခံရတာကို ဘာလို့ရှောင်လဲ ..ကိုယ့်အပြစ်နဲ့ကိုယ်ပဲ.."
စိုးညီ က အတန်းကို ပြန်ချိန် ရှေ့ဆုံးတန်းက စားပွဲကို ခြေဖြင့် ကန်သွားသေးသည်။
ဆရာမ တို့ရဲ့ မူအတိုင်း မသိချင်ယောင်သာ ဆောင်ထားလိုက်ပြီး စာအုပ်ကို ကြည့်နေလိုက်သည်။
ဒုတိယ လပတ် စာမေးပွဲ ပြီးလို့ အမှတ်စာရင်း တွေယူ၍ အခန်းထဲကို ဝင်လာခဲ့သည်။
"လူပု..စိတ်တို…လူပု..စိတ်တို…"
စိုးညီသည် အခန်းထဲမှာ ကိုယ့်ကို စ ပြီး အော်နေတာ သိပေမဲ့ မသိချင်ယောင် ဆောင်ရပြန်သည်။
"အမှတ်စာရင်းတွေ ထွက်လာပြီ…လာယူကြ…"
စိုးညီ အလှည့်ရောက်တော့ အမှတ်စာရင်းကို ကိုင်ထားရင်း မော့ကြည့်လိုက်သည်။
မျက်နှာထား တင်းတင်း ဖြင့် လက်ပိုက်ရပ်နေသည့် စိုးညီကို ညင်သာစွာ ပြုံးပြလိုက်သည်။
"သား….အမှတ်ကောင်းလာတယ်…တော်တယ်..ဆက်ကြိုးစားနော်…"
အမှတ်စာရင်းကို ယူရင်း ခပ်ကြောင်ကြောင်လေး ဖြစ်နေတဲ့ စိုးညီကို ဥပက္ခာပြု၍ နောက်တစ်ယောက်ကို ထပ်ခေါ်လိုက်သည်။
ထိုနေ့ မှ စ လို့ စိုးညီသည် အပြောင်းလဲကြီး ပြောင်းလဲသွားတော့သည်။
Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now