ပေးသူ

44 11 1
                                    


6

၄၆ ပေးသူ

"...မွှေးနေတာပဲ....ခြောက်ရင် မီးပူထိုးလိုက်မယ်..."

ကြိုးတန်းပေါ်က ကိုယ့်အကျီ ၤလေးတွေကို နှာဖျားနဲ့ ထိပြီးနမ်းရင်း ထပ်ပြုံးလိုက်မိသည်။

တကယ်တော့ ကိုယ့်ပစ္စည်းကို လှူရမယ်ဆိုတဲ့ ပီတိက ဒီလိုမျိုးပါလားဆိုတာ ခုမှသာ ခံစားဖူးတော့သည်။

အသက် ဆယ့်သုံးနှစ်ဆိုတော့ ကျောင်းသူပဲ ရှိသေးလို့ ကိုယ့်မုန့်ဖိုးကို ကျောင်းရှေ့က အလှူခံအဘွားကိုသာ လှူဖူးခဲ့သည်။

"အမလေး...ငါ့သမီးရယ်...အကျီၤလေး သုံးလေးထည် ပေးဖို့ကို လျှော်တာ ဆပ်ပြာဖိုးတင် တစ်ထည်ပြန်ရမယ်"

အမေက မေးငေါ့ ပြောပေမဲ့ သွားကြဲ ရယ်ပြလိုက်ကာ အဝတ်နစ်ထည်ကို မီးပူထိုးဖို့ပြင်ရသည်။

ဈေးကြီးပြီး အနာအဆာမရှိပဲ သေးသွားတဲ့ ကိုယ့်အကြိုက်ဆုံး ဂျင်းဂါဝန်လေး တစ်ထည်လည်း ပါသေးသည်။

"ဟော...ဟော...မီးပူက ထိုးရဦးမှာလား...လျှော်ဖွတ်ပြီးသားတွေပဲ သမီးရယ်...အလုပ်ရှုပ်လို့.."

" သမီးပေးလိုက်ချိန် မွှေးမွှေး ပြန့်ပြန့်လေးမှ ဝတ်ရသူက စိတ်သန့်မှာပေါ့.."

"အေးပါ...အေးပါ..." အမေ ကတော့ ဘာမှ ထပ်မပြောတော့ပဲ အလုပ်ပြန်လုပ်နေသည်။

ညနေစောင်းတော့ ဦးလေးကြီး ကို မျှော်ရသေးသည်။

"ဦးလေး...ဒီမှာ...ဦးလေး သမီး အတွက်....သမီး မီးပူပါ ထိုးပေးထားတယ်နော်...အသန့်အကောင်းတွေပါ..."

"အေး..အေး..ကျေးဇူးတင်ပါတယ် ငါ့သမီးရယ်...ကျန်းမာပါစေ..ချမ်းသာပါစေ..ပညာတက်ကြီး ဖြစ်ပါစေ..."

ဦးလေးကြီးက ဆုတွေတောင်းပေးသွားတော့ ပျော်လို့ ရင်တွေတောင် ခုန်နေသည်။

"သမီး ပေးချင်တယ်ဆိုတာ ဒီလူလား...ဘယ်သူများလဲလို့ အရက်သမား ကျော်မြကို.."

"အင်းလေ...သူ့သမီးက အဝတ်အစား ကောင်းကောင်းမရှိလို့တဲ့...."

အမေက ဘာမှ မပြောပေမဲ့ ခေါင်းရမ်းပြီး အိမ်ပေါ် ပြန်တက်သွားတော့ စိတ်ထဲမှာ ပျော်ပြီး အမေ့နောက်ကို လိုက်သွားလိုက်သည်။

ညအိပ်ချိန် အိပ်ရာပေါ်လဲရင်း ညနေ သူ့အဖေယူလာတဲ့ ဂျင်းဂါဝန် မွှေးမွှေးလေး ကို ဝတ်ကြည့်ပြီး ပျော်နေမဲ့ ကောင်မလေး ကို မြင်ယောင်တော့ စိတ်ထဲမှာ ပျော်နေမိသည်။

မနက်ကျရင် အဲ့အကျီ ၤလေး ဝတ်ပြီး သူ့သူငယ်ချင်းတွေကို ကြွားရင်ကြွားမှာလို့ တွေးမိတော့  ရယ်တာ အသံထွက်သွားသည်။

"ဟဲ့...သမီး ဘာလို့လဲ..."

"ဟီး..ဟုတ်ဘူး...သမီး အကျီ ၤလေးကို ရရင် ကောင်မလေး ပျော်သွားမှာပဲ တွေးပြီး ပျော်နေတာ အမေရဲ့.."

"သြော်..သမီးရယ်.."

အမေ့ရဲ့ ပြောသံက ဘာကို ဆိုလိုမှန်း မသိပေမဲ့ ရင်ထဲမှာတော့ ပျော်နေဆဲပါပဲ..။

ပေးရတဲ့ အရသာ က ဒီလောက် တောင် ပျေ

ာ်စရာပါလားနော်..။






One PageWhere stories live. Discover now