လိုအင်

140 24 0
                                    

22
လိုအင်
"ကိုကို့ကို မချစ်လို့လား…ဟင်..စိတ်မချလို့ပါကွာ….အပိုင်လိုချင်လို့ပါ..ထားသွားဖို့ အစီအစဉ် ရှိနေလို့လား…"
"…….."
လက်တွေကို ဖြေလျော့ပေးလိုက်ကာ သက်ပြင်းတစ်ချက် တိုးတိုးလေး ချလိုက်မိသည်။
ချစ်သူသက်တမ်း သုံးနှစ်ပြည့်မှ ဘဝနှစ်ခု ရင်းနှီးပေါင်းသင်းဖို့ ဖြစ်လာခဲ့သည်။
အိမ်ပြန်လမ်း တစ်လျှောက် နောင်တ တွေ ရသလို သူငယ်ချင်းအတွဲတွေ တစ်နှစ်လောက်နဲ့ တူတူနေဖြစ်တဲ့ အကြောင်းတွေကို စိတ်သက်သာအောင် လျှောက်တွေးနေမိသည်။
ခေတ်ပညာတက် လူငယ်မို့  ကြိုတင်ကာကွယ်သင့်သည့် ဆေးဝါးများလည်း ဆောင်ထားသည်။
ဒီလိုဆေးတွေ ဝယ်ဖို့ ရှက်နေစရာ မလိုတဲ့ ပွင့်လင်းမြင်သာတဲ့ ခေတ်ကို ရောက်နေပြီပဲလေ.။
"သဲလေး…သွားရအောင်…."
"ဟာ..ကျစ်…တွေ့တိုင်းဒါပဲဟယ်..စိတ်ညစ်တယ်…"
"သဲလေးကို ချစ်လို့ စွဲလမ်းနေတာလေ….မချစ်ရင် ဖီးလ်တောင်မလာဘူး သိရဲ့လား…"
အကြိမ်ကြိမ် အချစ်ကမ္ဘာသို့ သက်ဆင်းရင်း ရုန်းမရသည့် အနေအထားကို ရောက်လာခဲ့သည်။
ကိုယ့်ဆန္ဒ မပါပဲ  အဓမ္မ ဆန်ဆန်တွေ ဖြစ်လာတော့  ကိုယ်ရော စိတ်ပါ ထိခိုက်ခဲ့ရသည်။
သည်းမခံနိုင်သည့် အဆုံး မှာ လမ်းခွဲဖို့ တောင်းဆိုပေမဲ့ ခြိမ်းခြောက်မှုတွေ ပါလာပြန်သည်။
နှစ်ဦးသဘောတူ ချစ်ခဲ့မိသမျှ အခုတော့ လည်ပင်းကြိုးကွင်းစွပ် မိသလို ပါပဲလား..။
မိသားစုတွေကို ဖွင့်ပြော တိုင်ပင် အကူအညီတောင်းလို့ မရတဲ့ အနေအထား ဖြစ်နေတော့ သည်းခံနေရသည်။
အကြိမ်ကြိမ် လွန်ကျူးခဲ့ပြီမို့ မတက်သာ။ အိမ်ထောင်ဦးစီးကောင်း မဖြစ်နိုင်မှန်း သိလျက်ဖြင့်  ဇွတ်မှိတ်ကာ လက်ထပ် ခဲ့ရသည်။
အိမ်ထောင်သက် လေးနှစ် အတွင်း ကိုယ်ပဲ အိမ်ထောင်ဦးစီး ကိုယ်ပဲ အိမ်ရှင်မ ဖြစ်ခဲ့သည်။
လင်ကောင်း သားကောင်း ရပြီး အေးချမ်းနေသည့် သူငယ်ချင်းတွေကို တွေ့တိုင်း စိတ်မကောင်းလည်း ဖြစ်သည်။
မသိနားမလည်တဲ့ အရွယ်မှာ အချစ်ကို အကြောင်းပြပြီး သူ့လိုအင်ကို  ဖြည့်ဆည်း ပေးခဲ့ရခြင်း ဆိုတာ တွေးမိတိုင်း ကိုယ့်ကိုယ်ကို ဒေါသဖြစ်သည်။
တကယ်ဆို ပထမဆုံး အကြိမ်ကတည်းက ငြင်းခဲ့လိုက်သင့်တာပါ…။
"ငါ့ဘဝကို လိုချင်ရအောင် နင် မှာ ဘာ ပြင်ဆင်မှု ရှိလို့လဲ "ဆိုတဲ့ မေးခွန်း တစ်ခု ကို မေးခဲ့သင့်သည်။
မကျေနပ်လို့ ရန်ဖြစ်ကာ လမ်းခွဲလိုက်ရင် တောင် ဘ၀ က အခုထက် သာဦးမည်။
ခုတော့ ချစ်လို့ မှားခဲ့မိတာလို့ မထင် ဦးနှောက်မရှိလို့ မှားခဲ့သည်လို့သာ ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။

Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now