အချစ်

145 24 0
                                    

အချစ်
"ဟဲ့…ဈေးဗန်းလေး ဘာလေး ခင်းပါဟ….ငှက်ပျောတုံးဖက်သေနေရမယ်"
"အဟက်..အပူမရှာပါဘူးဟယ်.."
"အပူမဟုတ်ဘူး..အချစ်..အချစ်…နင်တော့ ဟိုမမ ပြောသလို ပဲ အခုချိန်ထိ ရည်းစားစကားပြောမဲ့သူ မရှိတာ မရှက်ဘူးလား…အသက်အရွယ်ကို အားနာပါဦး…ရှက်စရာကြီး…ဟား.ဟား…"
"ရည်းစား စကား အပြောခံရမှ အချစ်ရတာမဟုတ်တာ… ကြည့်ထား…ဖေကြီး..ခဏ… ထီးမေ့ဦးမယ်..မေကြီး.. သမီး ကို ဆွဲခြင်းထောင်းပေးလေ…. ကိုကြီး…ကိုကြီး….ရော့…အိတ်….အငယ်မရေ…လမ်းကြည့်ကူးနော်.."
အလုပ်သွားဖို့ စောင့်နေရင်း သူငယ်ချင်းဖြစ်သူ ပြေးလုပ်နေတာတွေကို နားမလည်စွာ ရပ်ကြည့်နေရသည်။
ပိုက်ဆံအိတ်ဆွဲပြီး ထွက်လာတော့ အတူတူ ဆက်လျှောက်လာခဲ့ရင်း…."အချစ်တွေကို မျှော်လင့်နေရတာထက် ကိုယ်က ချစ်ပေးသင့်တဲ့ လူတွေ ပတ်ဝန်းကျင်မှာ အများကြီးပဲ.. ဟိုမှာတွေ့လား…သူ့သမီးလေးကို အကျီ ၤဝတ်ပေးနေတာလည်း  အချစ်ပဲ…ဟိုမှာ တွေ့လား…ခိုလေးတွေကို အစာကျွေးနေတာလည်း အချစ်ပဲ…ဟိုမှာ တွေ့လား…မြေးကို လက်ကိုင်ပြီး လမ်းကူးနေတာလည်း အချစ်ပဲ.. …အချစ်ကို ခံစားတက်တဲ့ နှလုံးသား ရှိဖို့ပဲ လိုတယ်..အဟက်…..အချစ်က နေရာတိုင်းမှာပဲ… ကံကောင်းရင် ကိုယ့်ကို ချစ်ပေးမဲ့ သူစိမ်းတစ်ယောက် ရှိလာမှာပါ… ကိုယ့်အနားမှာ ကိုယ့်အတွက် ပေးဆပ်နေတဲ့သူတွေကိုသာ ချစ်ပေးဖို့မေ့မနေနဲ့…နင် အိမ်ကို ဖုန်းမဆက်တာ ဘယ်လောက်တောင် ကြာနေပြီလဲ…မချစ်တက်တဲ့ ကောင်မရဲ့…"
သူငယ်ချင်း ဖြစ်သူရဲ့ အမေးစကားကြောင့် အိမ်ကို ဖုန်းမဆက်မိတာ သတိရတော့ ကားစောင့်နေရင်း ဖုန်းကို ထုတ်လိုက်ကာ အောက်ကို ရောက်နေပြီ ဖြစ်တဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
"ဟလို…အမေလား.."
"ဘာဖြစ်လို့လဲ.သမီးလေး.."
"ဟမ်…မဖြစ်ပါဘူး…အမေရဲ့….သတိရလို့ပါ…"
"စောစောစီးစီး ဆိုတော့ စိတ်ပူသွားတာပဲ…တကယ် ဘာမှ မဖြစ်ပါဘူးနော်…"
"အာ…အမေကလည်း မဖြစ်ပါဘူး..ဖုန်းမဆက်တာကြာတော့ ကားစောင့်နေရင်း ဆက်လိုက်တာ… "
"သြော်…အေး…နေကောင်းတယ်မလား..အလုပ်လည်း အဆင်ပြေလား…သင်တန်းတက်တာကော.."
"အားလုံး အဆင်ပြေတယ်…အဖေကော…အိပ်တုန်းလား…"
"မအိပ်ဘူး..ခေါ်ပေးမယ်… မမကြီးရေ…ဘာလုပ်နေလဲ….သမီးတို့ သတိရနေတာ….သီတင်းကျွတ်ပြန်လာဦးမလား.. မမကြီးကို သားတို့ သတိရနေတာ…ပိတ်ရက် ပြန်လာနော်…ဦးကျော်..မမကြီး ဖုန်းဆက်နေတယ်…ဟလား…နေကောင်းလားဟေ…. "
ဖုန်းထဲက မိသားစုရဲ့ စကားသံတွေကြောင့် အချစ်ရှာရင်း အချစ်တွေ ပေးဖို့ ကို မေ့နေမိတာ သတိရသည်။
Love U All ❤
SpicaLin
#စပိုက်ကာလင်း

One PageWhere stories live. Discover now