စိတ်တူ

420 33 0
                                    

စိတ်တူ
"ဖူးဖူး…ဒါ…ငါ့ကိုကိုလေ…ကိုကို….ဒါက ဖူးဖူးတဲ့ သဲရဲ့ အချစ်ဆုံး သူငယ်ချင်း…"
"သိပါတယ်….သဲ လေး အမြဲပြောနေတာပဲ…ဖူးပွင့်ဖြူ ဆိုတာ မလား…"
"ဟီး…ကိုကို က သဝန်တိုတက်လို့ ငါ အကုန်လုံး ပြောပြရတာဟ…"
"ပို ကို ပိုတယ်…ငါ့နာမည်ကျ ပြောထားပြီး သူ့ကိုကို နာမည်ကျ ငါ့ ပြောမပြထားဘူး.."
"အာ…ကိုကို နာမည်က   စစ်နိုင် တဲ့…နာမည်နဲ့ လူနဲ့ လိုက်တယ်မလား…ဟွင်း.."
"အေးပါလေ….ဒီက တစ်ယောက်တည်း သမားဆိုတော့ သေအောင်သာ ကြွား."
"သနားစရာပဲ..ဟီး…ရှာပေးပါ့မယ်ဟ….ကိုကို့ ရုံးက သူငယ်ချင်းတွေ နဲ့ တွေ့ပေးရမယ်…"
"တော်ပါပြီ….တစ်ယောက်တည်း သာတယ်…"
"ဟီး…မရှိလို့..မရှိလို့.အဲလိုတွေ …စိတ်ထဲမှာတော့ငိုနေတာနော်…"
"မသာမ…"
"ထိသွားပြီ…"
ကိုကို နဲ့ အတူတူ မိတ်ဆက်ပေးရင်း ရန်စ ခဲ့တဲ့  အချစ်ဆုံးသူငယ်ချင်း ဖူးဖူးက မင်္ဂလာတောင် ဆောင် တော့မယ် ကိုကို..။
သဲ တစ်ချိန်လုံး စိတ်ကူးယဉ်ခဲ့သလိုပဲ ပန်းရောင် ဂါဝန်လေးနဲ့ စုံတွဲပုံ လှလှလေး တင်ထားတာ တွေ့တယ်..။
ကိုကို နဲ့ သဲ တို့ ချစ်ခဲ့တဲ့ သုံးနှစ်ခွဲကျော်မှာ သဲရဲ့ အနာဂတ် စိတ်ကူးတွေ အမျိုးမျိုး ပြောင်းလဲ ပေမဲ့ သတို့သားတော့ မပြောင်းလဲခဲ့ပါဘူး..။
"မောင်စစ်နိုင် - မဖူးပွင့်ဖြူ" ဆိုတဲ့ မင်္ဂလာဖိတ်စာ မိုးပြာရောင်လေးက လှလိုက်တာ..။
ဘယ်သူကြိုသိနိုင်မှာလဲ….ကိုယ့်ချစ်သူနဲ့ မိတ်ဆက်ပေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်းက ကိုယ့်ချစ်သူရဲ့ ဇနီးလောင်း ဖြစ်လာမယ်လို့လေ..။
လောကမှာ သစ္စာတွေ  လူ့ကျင့်ဝတ်တွေက အရေးမပါတော့ဘူးပဲ..။
သဲ ရဲ့ နှလုံးသား ထဲက အိပ်မက်တစ်ခုက  တခြားသူနဲ့ အတူတူ ဖြစ်နေမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး..။
သူငယ်ချင်းကို အရမ်းချစ်ပြီး ယုံခဲ့မိလို့ ထူးခြားတဲ့ တိုက်ဆိုင်မှု ဖြစ်လာတာလား..။
မျက်ရည်ကျသွားပေမဲ့ မနာကျင်တော့ပါဘူး..။
အချစ်ဆုံး နှစ်ယောက် ပျော်ရွှင်ကြပါစေ။
Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageDär berättelser lever. Upptäck nu