မစိုးရိမ်ပါနဲ့

358 30 0
                                    

"မစိုးရိမ်ပါနဲ့ အမေ…"
"စိုးရိမ်ရတယ်အေ…ဖုန်းထဲမှာ တွေ့ရတာ ကြောက်စရာကောင်းလိုက်တာ…ဝဋ်ဆိုရင်တောင် အတော်လေး ခံစားရတဲ့ ဝဋ်ဟဲ့..အငယ်ကောင်…နင်လည်း ကြည့်နေ ကြည့်စား…လက်ဖက်ရည် ဆိုင်ကို လုံး၀ မသွားနဲ့ ကြားလား…"
အငယ်ကောင် ပြီးစလွယ် ခေါင်းညိတ်လိုက်ပြီး ဖုန်းကို ဆက်နှိပ်နေလိုက်သည်။
အမေ အကြောက်လွန်အောင် လုပ်ခဲ့သူကလည်း ကိုယ်တိုင်ပင်..။
ဖုန်းပေးသုံးလိုက်ပြီးနောက် တက်သမျှ သတင်းကို အမေက အမှီလိုက်ဖတ်ပြီး ပို့ချတက်သည်။
အခုတော့ ကိုမြင့်နိုင် ဆိုတဲ့ အထူးအဆန်းရောဂါ အကြောင်း အမေ့မှာ သတင်းအစုံရှိနေပြီ.။
ရောဂါ ဝေဒနာ ခံစားနေရတဲ့ လူတစ်ယောက် ဗီဒီယို တက်လာပြီးနောက်ပိုင်း အမေ့မှာ လက်ဆေးတာ ဆပ်ပြာဖိုးအတော်လေး ကုန်နေပြီ။
မနက်လင်းရင် ဈေးမသွားရ မနေနိုင်သူက အခြောက်အခြမ်းတွေနဲ့သာ စားသောက်ပြီး အိမ်တွင်းအောင်းနေတာ အတော်ကြာပြီ။
သင်္ကြံန် မလုပ်ရလို့ လူတိုင်း စိတ်ညစ်နေပေမဲ့ အမေကတော့ အားပေးလက်ခံပြန်သည်။
"အမေ…ဟင်းတွေက စပ်လိုက်တာ…"
"ဟဲ့…ဖုန်းထဲမှာ အစပ်က ပိုးကြောက်တယ်ဟဲ့..စား.."
အမေသည် အစပ်သိပ်ကြိုက်သူမဟုတ်..ခုတော့ ဟင်းတွေက အရောင်ရဲရဲ ဖြစ်၍ စားလိုက်တိုင်း နှာတရှုံ့ရှုံ့ဖြစ်ရသည်။
"မိန်းမ…ဒီလောက် အစပ်တွေအများကြီးစားတာ မကောင်းဘူးနော်…"
"ရှင်တို့ကလေ…စေတနာကို နားမလည်ဘူး..အမလေး…မသိတက်လိုက်တာ…ဒီမှာတော့…"
သိပ်မကြာခင်အမေ ဆေးရုံတက်ရလို့ ကျွန်တော်တို့  စိတ်ပူပန်ရင်း အတော်လေး အလုပ်များကုန်သည်။
" ခု ဗိုင်းရက်စ် က အစပ်ကြောက်တယ်ဆိုရင် တခြားနိုင်ငံတွေက လည်း ငရုတ်သီး စားခိုင်းမှာပေါ့…အစပ်စားလို့လည်း မကာကွယ်ပါဘူး…"
ဆရာဝန် ပြန်သွားတော့ ကျွန်တော်တို့ သားအဖ ကို အမေက မျက်နှာငယ်ဖြင့် တစ်ချက်ကြည့်သည်။
"အစပ် က အစာအိမ် ဖြစ်ပေမဲ့ တမာရွက်ကတော့ ဥပါဒ် မဖြစ်ပါဘူးနော်…"
သားအဖ နှစ်ယောက် ပါးစပ် အဟောင်းသားဖြစ်သွားသည်။
Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now