အထူးဆု

122 21 1
                                    

23
အထူးဆု
"တီ…တီ….တီ….."
ဖုန်းကို အဆက်မပြတ် နှိပ်နေရင်း ရင်တွေ တလှပ်လှပ်ဖြင့် ခုန်ပေါက်နေသည်။
လက်ထဲက ဆီးစစ်တံ ကော်ချောင်းလေးကို မကြည့်ချင်တော့လို့ ပစ်ချလိုက်မိသည်။
"ပြော…ချစ်…"
"ကိုကို…ဟင့်..ကိုကို…ချစ်မှာ…ကိုယ်ဝန်ရှိနေပြီ…"
"ဟင်…"
တစ်ဖက် က အသံတွေ တိတ်သွားပြီး ဖုန်းကိုင်ထားရင်း ဖြင့် ငုတ်တုတ်မေ့နေပြီလား မသိ..။
"ဘယ်လိုလုပ်ကြမလဲဟင်.."
"ကိုကို..မေမေ့ကို လိုက်ပို့နေလို့ ဖုန်းပြန်ဆက်လိုက်မယ်…"
ဖုန်းချသွားပြီးနောက်တော့မှ သက်ပြင်းတစ်ချက် အရင် ချလိုက်ပြီး ခေါင်းကို ဖွပစ်မိသည်။
ချစ်သူ အပေါ် မတရားမှန်း သိပေမဲ့ မတက်နိုင်သည့် အခြေအနေ..။
လူကြီးလူကောင်းဆန်ပြီး အလုပ်အကိုင်ရှိ၍ အရမ်းချစ်တက်တဲ့ ချစ်သူ ကို လွယ်လွယ်လက်မလွှတ်နိုင်..။
ပုံမှန်ဆို ဆေးသောက်ပေမဲ့ ကလပ်မှာ မူးပြီး မှားခဲ့ချိန် ဆေးမသောက်မိတာ တစ်ကြိမ်တည်း။
ချစ်သူ မဟုတ်တဲ့ သူစိမ်း တစ်ယောက်နဲ့ မှားခဲ့မိတာလည်း ထိုတစ်ကြိမ်တည်း။
တစ်ညတွေ့ပြီး  အဆက်အသွယ်မရှိတော့သည့် သာမန် ကျောင်းသား တစ်ယောက်ကို လိုက်မရှာချင်။
လက်ရှိ ချစ်သူက ကိုယ့်အပေါ် အတိုင်းထက် အလွန် ကောင်းနေသူ တစ်ယောက် ဖြစ်သည်။
လိပ်ပြာလုံတာ မလုံတာထက်  မဖျက်စီးချင်လို့ အခြေအနေအရ ဖြစ်သွားသည် လို့ပဲ သဘောထားလိုက်သည်။
"မနက်ဖြန် မာမီ တို့လူကြီးတွေ နဲ့ လာခဲ့မယ်နော်…ကိုကို ပြောထားပြီးပြီ.."
"သုံးနှစ်လောက်ကြာမှ ကိုကို လက်ထပ်ချင်တယ်ဆို….ကလေး မယူသေးရင် ကောင်းမလား.."
"ဟာ…ပေါက်ကရတွေကွာ..လုံး၀ မလုပ်ရဘူး…တားနေတဲ့ ကြားက ရောက်လာတာ ကိုကို တို့နဲ့ ရေစက်ပါလို့ပေါ့…အဖေ နဲ့ အမေ မြန်မြန် လက်ထပ်အောင် လုပ်ပေးတဲ့ ရတနာလေး ..ဟီး…"
အချိန်မဆွဲပဲ လုပ်လိုက်ရသည့် မင်္ဂလာပွဲကိုတောင် ချစ်သူက ခမ်းနားအောင် ကြိုးစားပေးရှာသည်။
သူငယ်ချင်းတွေကို ရင်သွေးလေးရတော့မဲ့ အကြောင်းကြွားရင်း ဒူးထောက်၍ ဗိုက်ကိုနမ်းသေးသည်။
ကိုယ့်ကို အားကျနေတဲ့ သူငယ်ချင်းတွေ အလယ်မှာ ချစ်သူကို ပြန်ဖက်ရင်း မချိပြုံးလေး ပြုံးမိသည်။
သူ့အတွက်လည်း ကလေး တစ်ယောက် ထပ်မွေးပေးဦးမှာပါလေ..။

Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now