မထား

201 24 0
                                    

မထား
"တပြည်သူ မရွှေထား၊ ပဲပြုတ်သည် မထား၊ထား အိုး…ထား ဆို ဘယ်ထားမှ သစ္စာမရှိဘူး..မကောင်းဘူး…သီချင်းတွေကို နားထောင်ကြည့်လိုက်စမ်း..ထားသွားခဲ့တာချည်းပဲ..အသုံးမကျတဲ့ ထားတွေ..ငါ့ဘဝကော ဘာထူးသေးလဲ…ထားဆိုတဲ့ မိန်းမ နဲ့ ချစ်သူဖြစ်ခဲ့တာ ငါမိုက်တာပဲ…"
လက်ကျန် အရက်လေးကို ရေများများရောပြီး ချွေတာသောက်ရင်း  ထားနဲ့ တွေ့စ အချိန်ကို သတိရသည်။
ကိုယ့်ရဲ့ ထားကလည်း သီချင်းတွေထဲကလို မာနကြီးပြီး အကြော်သည် ထား၊ ခရေပန်း ကြိုက်တဲ့ ထား။
ကိုယ်ကလည်း ရေရောင်းတဲ့ မိသားစုရဲ့ အငယ်ဆုံးသားဆိုတော့ ကျောင်းအတန်းပညာလေး တက်ခွင့်ရခဲ့သည်။
မာနကြီးပြီး ခပ်စွာစွာ မိထားကို အကြော် တစ်ခု နှစ်ကျပ်လို့ ရန်စမိချိန် နဖူးပေါက်ခဲ့ရသေးသည်။
ဖြူစင်တဲ့ သံယောဇဉ်က တစ်ဆင့်အကြင်နာပိုခဲ့၍ ချစ်သူ ဘ၀ သက်တမ်း က လေးတန်းက စလို့ ကျောင်းထွက်ရသည့် အထိ..။
ရပ်ကွက်ထဲမှာ သူက အကြော်ရောင်း ကိုယ်က ရေရောင်းသည့် အထိ..။
ကိုယ်က အဆင့်တက်ပြီး ဆိုက်ကားနင်း သူက ဟင်းသီးဟင်းရွက် ရောင်းရသည် အထိ တည်တံ့ ခိုင်မြဲ ရွှေလက်တွဲ ခဲ့ကြပါသည်။
သြော်…အခုတော့လည်း…သီချင်းတွေထဲကလိုပါပဲလား..။
မိန်းမတွေများ တယ်လည်း ငွေမက်ကြတာကိုးကွ..ရလေ လိုလေပဲ…။
ငါ့ကိုက အယုံလွယ် အညှာလွယ်လို့ ခုလို ဒုက္ခရောက်ရတာပဲ..မျက်ရည်တွေ စို့ကာ လက်က တုန်ရင်း အရက်ခွက်ကို မတည်မငြိမ်ဖြင့် နည်းနည်း မော့သောက်လိုက်သည်။
"သြော်..မိုးမလင်းသေးဘူး…ဒီအရည်တွေ မြိုနေပြီပေါ့လေ…"
"ရေရောထားရတာကွ…ပေး..ပိုက်ဆံ…."
"ဈေးဖိုးမလောက်လို့…နှစ်ရာပဲ ကျန်တယ်….အင့်..."
"အိုး…နင်ပြောတော့ မနက်ကျ ငါးရာပေးမှာဆိုဟ…သီချင်းထဲက အတိုင်း ကတိမတည်တဲ့မိထားမ...တော်ပြီ ညနေ ပိုက်ဆံအပ်ရင် အရက်ဖိုးတစ်ခါထဲပြန်ပေး…မိုးလင်းရင် နင် ဈေးအပြန် စောင့်နေရတာ စိတ်ကိုမရှည်ဘူး…"
"အောင်မယ်…ကိုတိုးတိုး…ရှင် ညနေပြန်ရင် ကျုပ်ကို ဝင်ခေါ်နော်…"
"အေးပါ…ထားသခင်မမရယ်…"
လမ်းမ ပေါ်က လှမ်းအေ်ာလိုက်ပြီး မနက်ရှစ်နာရီ ရောက်နေကျ ဆိုင်ကို ချီတက်လာခဲ့သည်။
နှုတ်ကတော့တပြည်သူ မရွှေထားသီချင်းလေး ညီးရင်းပေါ့လေ..။
Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now