အနံ႔

141 20 0
                                    


အနံ့
"ငါးပိ အနံ့ ထွက်လာပြန်ပြီ….ဟင်း…"
သက်ပြင်းရှည်ရှည် ချလိုက်ရပေမဲ့ ငါးပိကို မကြိုက်သူတော့ မဟုတ်။
အိမ်ရဲ့ ထမင်းစားပွဲပေါ်မှာ ငါးပိကြော် ပုလင်း အမြဲဆောင်ထားပြီး ဈေးဝယ်တဲ့နေ့ဆို ငါးပိနဲ့  အတို့အမြုံ့ အမြဲဝယ်ပြီး  ထမင်း မြိန်မြိန် စားကောင်းသော နေ့ဖြစ်ခဲ့သည်။
အခုတော့ ငါးပိရည်ကြို အနံ့ရတိုင်း သက်ပြင်းက အမြဲကပ်၍ ပါလာသည်။
စားဝတ်နေရေး အဆင်ပြေနေသူများသည့် ရပ်ကွက်လေးမှာ ဟင်းကောင်း အနံ့လေးတွေချည်းပဲ ရခဲ့သည်။
နှစ်ကုန်က စတဲ့ ရောဂါဆန်းကြောင့် လူတွေရဲ့ ကျန်းမာရေးသာ မက စားဝတ်နေရေးပါ ထိခိုက်သည်။
ဝန်ထမ်း များသည့် ရပ်ကွက်လေးမှာ အသားဟင်း ငါးဟင်း ရနံ့ တွေ လျော့လာသည်။
မနက်ခင်း ဈေးခြင်းထောင်းတွေက အပြည့်အမောက် မဟုတ်တော့ပဲ ပေါ့ပေါ့ပါးပါး ဖြစ်ကုန်သည်။
ဒုတိယ အကြိမ် ပြန်ဖြစ်လာတဲ့ ရောဂါ  ပြဿနာကတော့ ပိုကြီးပြီး ပိုရှုပ်ထွေးသည်။
စားဝတ်နေရေးအတွက် အသက်မငှဲ့ရင်တောင် အလုပ်လုပ်ဖို့ မလွယ်..အလုပ်တွေ ပိတ်ကုန်ပြီ။
ပထမအကြိမ်တုန်းက ရှိသူ မရှိသူ မျှတစားရင်း အလှူရှင်တွေ ပေါ်ထွက်လာပေမဲ့ ဒုတိယအကြိမ်မှာတော့ ကိုယ့် စားဝတ်နေရေး ရေရှည် အဆင်ပြေဖို့ အတွက် တွေးပူရမည့် အချိန်ကာလ ဖြစ်လာသည်။
အပြင်ထွက်ခွင့်မရတော့မှာ ကို ကြိုတင် တွက်ဆ နိုင်ပေမဲ့ ပထမအကြိမ်တုန်းကလို ဆန်ဆီဆား  နဲ့ အသား ငါး အစားကောင်းတွေ ဝယ်မစုနိုင်ကြတော့။
မိသားစုအတွက် ဝယ်နိုင်ခြမ်းနိုင်သည့် ပိုက်ဆံအနည်းအကျဉ်းဖြင့် ဆန် နဲ့ ငါးပိ ငါးခြောက်ခွဲလေးတွေ သာ ရပ်ကွက် က အိမ်တိုင်း နီးပါး  အပြေးအလွှား ဝယ်ထားကြသည်။
ပထမ အကြိမ်တုန်းကလို အိမ်သုံး လိုသမျှမဝယ်နိုင်တော့ပဲ မဖြစ်မနေ စားဖို့ လိုအပ်သည်များသာ ဝယ်ကြသည်။
အပြင်ထွက်ခွင့်ပိတ်လိုက်ပြီး နောက်ပိုင်း နေ့လည်ထမင်းစားချိန် နီးရင် ငါးပိရည်နံ့လေး လှိုင်နေပြီ။
ငါးပိကြိုက်သူ တစ်ယောက် အနေနဲ့ "ငါးပိနံ့လေး မွှေးလိုက်တာ…"လို့ အမြဲတမ်းတ သွားရည် ယို ခဲ့ဖူးသည်။
ငါးပိရနံ့ရရင် ထမင်းစားချင်ဖြစ်၍ ငါးပိ တို့စရာ သာ ပါရင် အားပါးတရ မြိန်ခဲ့သည်။
ခုများတော့ ငါးပိရနံ့ ရတိုင်း သက်ပြင်း သက်မော အကြိမ်ကြိမ် သာ ချနေရသည်။
ကပ်ဆိုးကြီး ပြီးဖို့ ဘယ်လောက်လိုသေးလဲ …အလုပ်တွေ ကြာကြာ ရပ်ထားရရင် စားဝတ်နေရေး ဘယ်လို ဖြေရှင်းကြမလဲ….ရောဂါ မဖြစ်ပဲ ဝင်ငွေရအောင် ဘာတွေလုပ်ရမလဲ..။
ငါးပိရနံ့ ကို စိတ်ရှင်းရှင်း ဖြင့် သွားရည်ယိုခဲ့သည့် နေ့ရက်များကို မျှော်လင့်ရင်းဖြင့်သာ။
Love U All❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now