ယူတက်ဖို့

56 11 1
                                    


5

၄၅ ယူတက်ဖို့

"ဟိုမှာ...ဟိုမှာတွေ့လား..."

ဈေးတန်း က ပြန်ထွက်လာတော့ ယောက်ျားဖြစ်သူက အတင်း လက်တွေ ကုတ်နေလို့ လက်ထဲက အထုတ်တွေကို ဘယ်ညာ ပြောင်းရင်း နားမလည်စွာ မော့ကြည့်မိသည်။

ယောက်ျား က လည်း မေးငေါ့ပြတော့ သူ ညွှန်ပြရာဆီကိုသာ အလောတကြီး ကြည့်ရသည်။

"တောက်...မိုက်ရိုင်းလိုက်တာကွာ...တွေ့ပြီလား...ခင်ဗျားလေး သိပ်သနားနေတဲ့ ကလေးတွေကလေ...အဲလိုမျိုး...သေချာ တွေ့ရဲ့လား...အနား သွားကြည့်ချင်သေးလား"

စေတနာ စော်ကားခံရလို့ ဒေါသဖြစ်နေတဲ့ ယောက်ျားဖြစ်သူ လက်မောင်းကို ခပ်ဖွဖွတွဲရင်း ခပ်သဲ့သဲ့လေး ရယ်ကာ သူ့စိတ်ကို ထိန်းဖို့ သတိပေးလိုက်ရသည်။

ကိုယ်ကတော့ စားပါစေဆိုပြီး စေတနာနဲ့ ဝယ်ကျွေးလိုက်တဲ့ မုန့်တွေကို သဲပေါ်ပစ်ပေါက် ဖနောင့်နဲ့ပေါက်ပြီး ဆော့နေကြသည်လေ..။

ဟော အနားက တစ်ယောက်က တစ်ထောင်တန် အချိုရည်ကို လောင်းချပြီး ဆော့နေကြပြန်ပြီ...။

အလှူအတန်းဆို ကျောင်းကလွဲလို့ ဘယ်မှ မလှူတက်တဲ့ ယောက်ကျားက ဒီလိုမြင်ကွင်းကို တွေ့ရတယ်လို့။

"မပေးပါနဲ့...မကျွေးပါနဲ့ဆို မရဘူး...ဒီလိုကောင်တွေက တော်တော် လူပါးဝတဲ့ကောင်တွေ..."

ကားစက်နှိုးရင်းတောင် ဒေါသထွက်နေတဲ့ ယောက်ျားဖြစ်သူကြောင့် မှန်ကနေ တဆင့်လှမ်းကြည့်မိသည်။

"မဟုတ်သေးပါဘူး...ကိုကိုရယ်...ဟော...ဟော...သူတို့ကို ဝယ်ကျွေးလိုက်တဲ့ အကြော်တွေကို ခွေးမကြီးက ယူပြေးတာ...ဟော..ခွေးကလေး နှစ်ကောင်လည်း စားနေသားပဲ...ကိုကို တွေ့လား...တွေ့လား.."

"........."

ယော်ကျားဖြစ်သူက ဘာတွေ ရှေ့နေ့လိုက်ဦးမလဲဆိုတဲ့ အကြည့်ဖြင့် တစ်ချက်ကြည့်တော့ ပြုံးမိသည်။

"သဲ က မုန့်ဝယ်ကျွေးတယ်ဆိုတာ အဲ့ကလေး တကယ်ဆာလောင်နေတယ် ထင်လို့ ဗိုက်ဝသွားပါစေဆိုတဲ့ စေတနာ အစစ်အမှန်နဲ့ပဲ ဝယ်ကျွေးတာပါ...အကြော်ကို ပူတာလေးတွေတောင် ရွေးထည့်ပေးလိုက်သေးတယ်...စေတနာ က အလကား မဖြစ်ပါဘူး ကိုကိုရယ်...ရည်ရွယ်ထားသလိုပဲ တကယ်ဆာလောင်နေတဲ့ သတ္တဝါတစ်ကောင် စားလိုက်ရတာပဲမလား...ဟော ခွေးပေါက်လေးက နှစ်ကောင်တောင် သူတို့ မဝပေမဲ့လည်း အဆာတော့ ပြေသွားမှာပါ...သူတို့ ခမျာ ဆာနေတဲ့အချိန် ‌အကြော် စားရတာ အဲ့ကောင်လေးက လာတောင်းပြီး ဆော့ပစ်လို့မလား...အမှန်ဆို ဒေါသမဖြစ်ပဲ ကျေးဇူးတောင် တင်ရဦးမယ်"

"သြော်.."ယောက်ျားဖြစ်သူက မနိုင်တော့ဘူးဆိုပြီး မေးပင့်ရင်းခေါင်းညိတ်တော့ ပါးကို ဖျစ်လိုက်သည်။

"ကိုကိုကလည်း ကုသိုလ်ဆိုတာ ယူတက်ရင်ရပါတယ်...ဘယ်သူစားစား ဘယ်လိုပုံစံပဲ စားစား လှူလိုက်တဲ့ ကိုယ်က ကုသိုလ် ရသွားတာပဲ မလား..."

"ဟုတ်ပါပြီ...ကျောင်းအမရယ်"

ကိုကို့ အပြောကြောင့်ရယ်လိုက်မိသည်။

ကိုကို့ကို ယူတက်စေချ

င်တာပါလေ...။









One PageWhere stories live. Discover now