💙Intro💙

54.1K 1.4K 107
                                    

Uni,

💙You Are My Happiness 💙

ဇိုင်းမြတ်မဟာမောင် - "မာနကြီးပြီး ဂုဏ်ကျက်သရေရှိတဲ့ ခင်ဗျားကို
ကျွန်တော်ချစ်တယ်။  ပြီးတော့ ပိုင်ဆိုင်ခွင့်ရချင်တယ်"

ထိန်ယံလင်း - "မောင်က ငါ့ရဲ့ပျော်ရွှင်မှုပဲ။"

- ဇိုင်းမြတ်မဟာမောင်...မင်းနာမည်ကလည်း ရှည်လျားထွေပြားလိုက်တာ။

- အင်း ရှည်တယ်ထင်ရင် မောင်လို့တစ်လုံးထဲခေါ်။တစ်ခြားဘယ်သူမှခေါ်ခွင့်မရှိပေမဲ့ ခင်ဗျားကိုခြွင်းချက်ထားပေးမယ်။

"ငယ်စဥ်ကတည်းက သားကြီးဆိုတဲ့အသိကိုအမြဲရိုက်သွင်းခံခဲ့ရပြီး
လူငယ်ဘ၀ရဲ့ ပျော်ရွှင်မှုတွေမခံစားရ၊ အငယ်တွေအတွက်အနစ်နာခံရရင်း
ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုအစစ်အမှန်ဆိုတာမရှိပဲ အလုပ်တွေနဲ့ အချိန်ပြည့်လုံးပန်းနေရတဲ့ အသက်၃၀အရွယ် ထိန်ယံလင်း။စီးပွားရေး လောကမှာဘုရင်တစ်ဆူဖြစ်ပြီး ငွေကြေးပြည့်စုံစွာနေလာရသော်လည်း ပျော်ရွှင်မှုတော့ရှိမနေ "

" ခြေထောက်မကောင်းတဲ့ အဖေဖြစ်သူနဲ့ ညီမလေးကိုကျွေးမွေးစောင့်ရှောက်
ဖို့ ကြုံရာကျပန်းအလုပ် အကုန်လုပ်နေရတဲ့ အသက်၂၁နှစ်အရွယ်ကောင်လေး
ဇိုင်းမြတ်မဟာမောင်။ ငွေကြေးမပြည့်စုံပေမဲ့ သူ့မိသားစုလေးနဲ့တော့ ပျော်ရွှင်စွာနေနိုင်သည်။သူချစ်ရတဲ့သူတွေအားထိပါးစော်ကားလာလျှင် အသက်ချင်းလဲဖို့ဝန်မလေးသူ။ "

ဟိတ်ကြီးဟန်ကြီးနိုင်တဲ့သူနဲ့ လက်ရဲဇာတ်ရဲနိုင်တဲ့ ထိုသူနှစ်ဦးတို့ဟာ ပင်လယ်ပြင်မှာမုန်တိုင်းမိပြီး ကျွန်းတစ်ကျွန်းပေါ် သောင်တင်သွားကာ အလွဲတွေနဲ့ တွေ့ဆုံမှုစခဲ့သည်။
ထိုမှတစ်ဆင့် ဘယ်လိုတွေပိုနက်နက်ရှိုင်းရှိုင်းပတ်သတ်လာကြမလဲဆိုတာ
You Are My Happiness ဆိုတဲ့၀တ္ထုလေးထဲမှာဖတ်ရှူလို့ရပါတယ်ရှင့်။

ဒီအတွဲလေးကတော့ အသက်၉နှစ်ကွာတဲ့အတွဲလေးပါ။
ထိန်ယံလင်းကိုတော့The Matching Guys ဖတ်ဖူးတဲ့သူတွေသိကြမှာပါနော်ခြံရံလင်းရဲ့အစ်ကိုပါ။

အမယ် နာမည်လေးကချိုတယ်မလား။ ၀တ္ထုလေးကလည်း ချို ချို ငိုငို ဓါးဓါး
ဟီး။

Ongoing လိုက်ပြီး မန့်တွေvotesတွေပျော်ပျော်ကြီးပေးမဲ့သူတွေကိုမျှော်နေပါမယ်။ သိတဲ့အတိုင်း ခွန်းupdate ကမြန်တယ်နော် အများဆုံးမှ ၂ရက်ခြားပဲ။ TMGပြီးတာနဲ့ စupပေးမယ်နော်💙။ see you soon.

Chit Khoon Cho Thar or JuliiaJune
(7.11.2023)

Zaw,

💙You Are My Happiness 💙

ဇိုင္းျမတ္မဟာေမာင္ - "မာနႀကီးၿပီး ဂုဏ္က်က္သေရရွိတဲ့ ခင္ဗ်ားကို
ကြၽန္ေတာ္ခ်စ္တယ္။  ၿပီးေတာ့ ပိုင္ဆိုင္ခြင့္ရခ်င္တယ္"

ထိန္ယံလင္း - "ေမာင္က ငါ့ရဲ႕ေပ်ာ္႐ႊင္မႈပဲ။"

- ဇိုင္းျမတ္မဟာေမာင္...မင္းနာမည္ကလည္း ရွည္လ်ားေထြျပားလိုက္တာ။

- အင္း ရွည္တယ္ထင္ရင္ ေမာင္လို႔တစ္လုံးထဲေခၚ။တစ္ျခားဘယ္သူမွေခၚခြင့္မရွိေပမဲ့ ခင္ဗ်ားကိုချြင္းခ်က္ထားေပးမယ္။

"ငယ္စဥ္ကတည္းက သားႀကီးဆိုတဲ့အသိကိုအၿမဲ႐ိုက္သြင္းခံခဲ့ရၿပီး
လူငယ္ဘ၀ရဲ႕ ေပ်ာ္႐ႊင္မႈေတြမခံစားရ၊ အငယ္ေတြအတြက္အနစ္နာခံရရင္း
ဘဝတစ္ေလွ်ာက္လုံး ေပ်ာ္႐ႊင္မႈအစစ္အမွန္ဆိုတာမရွိပဲ အလုပ္ေတြနဲ႔ အခ်ိန္ျပည့္လုံးပန္းေနရတဲ့ အသက္၃၀အ႐ြယ္ ထိန္ယံလင္း။စီးပြားေရး ေလာကမွာဘုရင္တစ္ဆူျဖစ္ၿပီး ေငြေၾကးျပည့္စုံစြာေနလာရေသာ္လည္း ေပ်ာ္႐ႊင္မႈေတာ့ရွိမေန "

" ေျခေထာက္မေကာင္းတဲ့ အေဖျဖစ္သူနဲ႔ ညီမေလးကိုေကြၽးေမြးေစာင့္ေရွာက္
ဖို႔ ႀကဳံရာက်ပန္းအလုပ္ အကုန္လုပ္ေနရတဲ့ အသက္၂၁ႏွစ္အ႐ြယ္ေကာင္ေလး
ဇိုင္းျမတ္မဟာေမာင္။ ေငြေၾကးမျပည့္စုံေပမဲ့ သူ႔မိသားစုေလးနဲ႔ေတာ့ ေပ်ာ္႐ႊင္စြာေနႏိုင္သည္။သူခ်စ္ရတဲ့သူေတြအားထိပါးေစာ္ကားလာလွ်င္ အသက္ခ်င္းလဲဖို႔ဝန္မေလးသူ။ "

ဟိတ္ႀကီးဟန္ႀကီးႏိုင္တဲ့သူနဲ႔ လက္ရဲဇာတ္ရဲႏိုင္တဲ့ ထိုသူႏွစ္ဦးတို႔ဟာ ပင္လယ္ျပင္မွာမုန္တိုင္းမိၿပီး ကြၽန္းတစ္ကြၽန္းေပၚ ေသာင္တင္သြားကာ အလြဲေတြနဲ႔ ေတြ႕ဆုံမႈစခဲ့သည္။
ထိုမွတစ္ဆင့္ ဘယ္လိုေတြပိုနက္နက္ရႈိင္းရႈိင္းပတ္သတ္လာၾကမလဲဆိုတာ
You Are My Happiness ဆိုတဲ့၀တၳဳေလးထဲမွာဖတ္ရႉလို႔ရပါတယ္ရွင့္။

ဒီအတြဲေလးကေတာ့ အသက္၉ႏွစ္ကြာတဲ့အတြဲေလးပါ။
ထိန္ယံလင္းကိုေတာ့The Matching Guys ဖတ္ဖူးတဲ့သူေတြသိၾကမွာပါေနာ္ၿခံရံလင္းရဲ႕အစ္ကိုပါ။

အမယ္ နာမည္ေလးကခ်ိဳတယ္မလား။ ၀တၳဳေလးကလည္း ခ်ိဳ ခ်ိဳ ငိုငို ဓါးဓါး
ဟီး။

Ongoing လိုက္ၿပီး မန္႔ေတြvotesေတြေပ်ာ္ေပ်ာ္ႀကီးေပးမဲ့သူေတြကိုေမွ်ာ္ေနပါမယ္။ သိတဲ့အတိုင္း ခြန္းupdate ကျမန္တယ္ေနာ္ အမ်ားဆုံးမွ ၂ရက္ျခားပဲ။ TMGၿပီးတာနဲ႔ စupေပးမယ္ေနာ္💙။ see you soon.

You Are My Happiness Where stories live. Discover now