Uni,
You Are My Happiness (Part 41)
" ကျွန်တော် အခွန်ရှောင်တာနဲ့ ရန်ပုံငွေအလွဲသုံးစားလုပ်ထားတာတွေပဲ အရင်တရားစွဲခိုင်းလိုက်ပြီ။ ကျွန်တော့်ကိုလုပ်ကြံတဲ့သက်သေတွေတော့တစ်ခါထဲအကုန်မပြသေးဘူး။"
Mr.Benjamin ကနားမလည်စွာဖြင့်မေးခွန်းထုတ်သည်။
" ဘာလို့ သက်သေတွေအကုန်မပြရမှာလဲ သား။
သားကိုသေအောင်လုပ်ကြံတဲ့ သက်သေတွေဒီအတောအတွင်း ဘယ်လိုတောင်
စုဆောင်းထားရလဲ သက်သေတွေနဲ့လည်းညှိပြီးပြီ။
ဆေးရုံကnurseကလည်း မျက်မြင်သက်သေထွက်ဆိုပေးမယ်ပြောတယ်။ကားAccident ဖြစ်အောင်လုပ်ခဲ့တဲ့သူကလည်း မင်းဦးလေးခိုင်းစေတာဖြစ်ကြောင်း ၀န်ခံပါ့မယ်ပြောပြီးပြီ။ အဲ့လူကိုအဖေတို့သေလောက်အောင်ရှာဖွေခဲ့ရတာနော်။ အခုသူ့မိသားစုတွေကိုတစ်သက်လုံး အဆင်ပြေအောင်ထောက်ပံ့ပေးပါ့မယ်ဆိုလို့သာ သူဒီလိုလုပ်တာ။ ဘယ်အချိန်စိတ်ပြန်ပြောင်းမလဲသိနိုင်တဲ့ကိစ္စမဟုတ်ဘူး။"
" ကျွန်တော်သိတယ်။ဒါပေမဲ့ အဖိုးနေမကောင်းဘူး ဘယ်လိုပဲဖြစ်ဖြစ်သူ့သားလေ။ ရှေ့ကအမှုနဲ့တင် သူသွေးတွေတိုးနေပြီ။သူ့သားက ကျွန်တော့်ကိုပါလုပ်ကြံသတ်ဖြတ်နေတာသိရင်ပိုဆိုးသွားမှာစိုးလို့။ ရှေ့ကတရားစွဲထားတဲ့အမှုတွေကိုပဲအရင်စောင့်ကြည့်ရအောင်။ "
Mr.Benjamin ကသက်ပြင်းချရင်း
" ဟုတ်ပြီ လောလောဆယ်ခဏထားကြတာပေါ့။ အရင်ဆုံးအခြေအနေကြည့်မယ်။ ဒါပေမဲ့ ဒီတိုင်းတော့ပြီးပြီရော လုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး။ "သားအဖနှစ်ယောက်စကားပြောနေတုန်း Bellaကတံခါးခေါက်ကာ၀င်လာသည်။
" နှစ်ယောက်လုံးရှိနေတာအတော်ပဲ ။ပြစရာရှိတယ်။"
ပြောပြီး Bellaက ထိန်ယံလင်းနဲ့ ကလေးနှစ်ယောက်ဓါတ်ပုံများကိုပြသည်။
" ဇိုင်းကြည့်လိုက် နင်တတနေတဲ့ ယံယံဆိုတဲ့လူရဲ့ကလေးနှစ်ယောက်။"
ဇိုင်းကမယုံကြည်သည့်ပုံဖြင့် ကြည့်ရင်း
" ဒီပုံတွေဘယ်ကရတာလဲ။ "ဇိုင်းအဖေကလည်း ယူကြည့်ရင်း
" ဘယ်လိုဖြစ်လို့ကလေးကချက်ချင်းရှိသွားရတာလဲ။ "

YOU ARE READING
You Are My Happiness
Romanceဇိုင်းမြတ်မဟာမောင်❤️ထိန်ယံလင်း - ဇိုင်းမြတ်မဟာမောင်...မင်းနာမည်ကလည်း ရှည်လျားထွေပြားလိုက်တာ။ - အင်း ရှည်တယ်ထင်ရင် မောင်လို့တစ်လုံးထဲခေါ်။တစ်ခြားဘယ်သူမှခေါ်ခွင့်မရှိပေမဲ့ ခင်ဗျားကိုခြွင်းချက်ထားပေးမယ်။ Start Date-7.11.2023 End Date -11.4.2024 ဒီဝတ္ထု...