Uni,
You Are My Happiness (Part 10)
ဇိုင်းမြတ်မဟာမောင်၏အဖေ ခွဲစိတ်ပြီးတစ်ပတ်ခန့်အကြာတွင်ဖြစ်သည်။
ထိန်ယံလင်းတစ်ယောက်သူ့အလုပ်ရုံးခန်းထဲတွင် ဇိုင်းမြတ်မဟာမောင်အလာကို စောင့်နေမိသည်။
ခဏအကြာတွင်တော့ အတွင်းရေးမှူးအောင်ဇေရဲက၀င်လာပြီး ဇိုင်းရောက်ပြီဖြစ်ကြောင်းပြောသည်။
" အင်း ၀င်လာခိုင်းလိုက်ပါ။ တစ်ခုမှတ်ထားနော် အရင်ဒါရိုက်ဘာက မိန်းမကလေးမွေးမှာမို့လို့ ခွင့်ယူသွားတယ်ပြောထားတာ တစ်ခြားဘာမှမပြောမိစေနဲ့။"
" ဟုတ်ကဲ့ပါ..."
အတွင်းရေးမှူးမှာခေါင်းသာညိမ့်ပြလိုက်သည်။ လူပျိုဒါရိုက်ဘာကို မိန်းမယူရံုမက ကလေးပါမွေးခိုင်းလိုက်သူ ထိန်ယံလင်းအားဘာမှပြန်မပြောခဲ့ပေ။ထိန်ယံလင်းပြောပြီးသည်နှင့် ချောင်းဟန့်ပြီး သူ့နက်ကတိုင်သူအနည်းငယ်ထပ်ပြင်လိုက်သည်။
ဇိုင်းမြတ်မဟာမောင် အခန်းတွင်း၀င်လာသည်နှင့် ပြုံးကာ မတ်တပ်ထရပ်သည်။
" ဇိုင်း လာပြီလား။ အဲ့မှာထိုင်.."
ဆိုကာ သူပါဧည့်တွေ့သည့်ဆိုဖာပေါ်သွားထိုင်သည်။" အဖေရော ဘယ်လိုလဲ သက်သာရဲ့လား။ "
" အဆင်ပြေပါတယ်။"
" ဘာမှမစိုးရိမ်နဲ့တော့ အခုခေတ်ကုထုံးတွေကတကယ်ကောင်းတာ။ ဆေးသာသေချာသောက်ခိုင်း။"
ဇိုင်းက ထိန်ယံလင်းအားသေချာကြည့်ပြီး မေးသည်။
" ကျွန်တော်က ဘာအလုပ်တွေလုပ်ပေးရမလဲ။"" ရုံးတက် ရုံးဆင်း ကိုယ့်ကိုကြိုပို့ပေးရမယ်။"
" ဪ အကြိုအပို့လုပ်ပြီး အားတဲ့အချိန် ကျွန်တော်တစ်ခြားအလုပ်သွားလုပ်လို့ရတယ်မလား။"
" ဘယ်ရမလဲကွာ မင်းဒီမှာပဲ ကိုယ်အလုပ်မဆင်းမချင်းအတူနေရမှာ။
ကြားမှာကိုယ်အလုပ်ကိစ္စအပြင်သွားစရာဘာညာရှိတက်တယ်လေကွာ။"ဇိုင်းကသိပ်အလိုမကျပေ။
" အဲ့ဒါဆို ကျွန်တော်ကဒီတိုင်းထိုင်စောင့်နေရမှာပေါ့။ အချိန်တွေပုတ်တယ် ကျွန်တော့်မှာလည်း တစ်ခြားလုပ်စရာတွေအများကြီးရှိတာကို။"

YOU ARE READING
You Are My Happiness
Romanceဇိုင်းမြတ်မဟာမောင်❤️ထိန်ယံလင်း - ဇိုင်းမြတ်မဟာမောင်...မင်းနာမည်ကလည်း ရှည်လျားထွေပြားလိုက်တာ။ - အင်း ရှည်တယ်ထင်ရင် မောင်လို့တစ်လုံးထဲခေါ်။တစ်ခြားဘယ်သူမှခေါ်ခွင့်မရှိပေမဲ့ ခင်ဗျားကိုခြွင်းချက်ထားပေးမယ်။ Start Date-7.11.2023 End Date -11.4.2024 ဒီဝတ္ထု...