ဇာတ်သိမ်းပိုင်း ( မင်းကကိုယ့်ဘ၀ရဲ့ပျော်ရွှင်မှုလေး)

6.4K 643 123
                                    

Uni,

You Are My Happiness (Final)

ခွန်း​သန့်​နောင်တစ်ယောက် ပန်းသီးတစ်လုံးကိုကိုက်စားရင်း
ထိန်ယံလင်းရှေ့လာထိုင်သည်။

" ကိုလင်းသားတွေတကယ်မလွယ်ဘူး စကားအရမ်းတက်နေပြီ။"

" ခြံရံလင်းတောင် သူတို့ကိုလက်မြှောက်ထားတယ်။"

ခွန်းသန့်နောင်ကရယ်သည်။
" သူတို့ငြိမ်ကုပ်ပြီး အရမ်းစကားမများတော့တဲ့ အချိန်ကကျွန်တော့်ကိုကိုရှိတဲ့အချိန်ပဲ။"

ကလေး၂ယောက်က စ၀်ခွန်သာမှိုင်းရှိချိန်ဆိုလျှင် အဆော့သန်သည့်ကလေးတွေအဖြစ်မှ ချက်ချင်းငြိမ်သွားကြသည်။ခွန်သာမှိုင်း ဘာပြောပြောခေါင်းငြိမ့်ကာအကုန်သေချာနားထောင်သည်။

" ခွန်သာမှိုင်းကိုတော့ပြောမနေနဲ့ သူတို့ချစ်လည်းချစ်ကြောက်လည်းကြောက်။ခွန်သာမှိုင်းကအမြဲတည်တည်ငြိမ်ငြိမ်နဲ့ စကားလည်းအပိုမပြောတော့ ကလေးတွေကတောင် မျက်စိနှောက်အောင်မလုပ်သင့်တဲ့သူမှန်းသိတယ်။"

" ဒါတောင်ကိုကိုကအရင်လိုမဟုတ်တော့ပါဘူး ကျွန်တော်နဲ့လက်ထပ်ပြီးကတည်းက ပုံမှန်ထက်နူးညံ့လာတာ။ ဒါနဲ့ ကိုလင်းတို့က ဒီနှစ်ထဲမင်္ဂလာမဆောင်ဖြစ်ဘူးပေါ့။ အကုန်လုံးလည်း အဆင်ပြေနေပြီကို လက်ထပ်လို့မရသေးဘူးလား။ "

" အင်း ဒီနှစ်ထဲကအချိန်သိပ်မရှိလို့။ ဇိုင်းကသူ့အဖိုးလုပ်ငန်းတွေလက်လွှဲယူထားတာမကြာသေးဘူးလေ။ သူ့အဖိုးကဒီတစ်နှစ်လောက်အခြေကျအောင်စောင့်ပေးစေချင်တာ။ လက်ထပ်ထပ်မထပ်ထပ် အတူတူနေနေရတာပဲဆိုတော့ ကိစ္စတော့မရှိပါဘူး။ "

" ဇိုင်းမြတ်မဟာမောင်ကတော့ အမြန်လက်ထပ်ချင်နေပုံပဲ။ ဟိုတနေ့ကတောင် ကျွန်တော်နဲ့ကိုကို့ကိုအားကျနေတာ။ "

ထိန်ယံလင်းကခပ်ဖျော့ဖျော့သာပြုံးတာကြောင့်
" ကိုလင်းကြည့်ရတာတစ်မျိုးပဲ စိတ်ညစ်စရာရှိနေလို့လား။ ဘာပြဿနာရှိနေလို့လဲ မျက်နှာသိပ်မလန်းဘူး "

" ပြဿနာရယ်လို့မဟုတ်ပင်မဲ့ စိတ်ထဲခုနေတာလေးရှိလို့။"

" ဘာဖြစ်တာလဲ ဇိုင်းမြတ်မဟာမောင်ကကိုလင်းကိုများတစ်ခုခုစိတ်ညစ်အောင်လုပ်လို့လား။"
ခွန်းသန့်နောင်ကပြောရင်းသူ့ဘာသာပြန်​ခေါင်းခါသည်။
" သူလည်းမဖြစ်နိုင်ပါဘူး။ သူ့လောက်ကိုလင်းကိုဂရုစိုက်တာသူပဲရှိတယ်
သူကတော့လုပ်မှာမဟုတ်လောက်ဘူး။"

You've reached the end of published parts.

⏰ Last updated: Apr 11 ⏰

Add this story to your Library to get notified about new parts!

You Are My Happiness Where stories live. Discover now