အပိုင်း (၄၂) ပြန်ပေးဆွဲခံရခြင်း

6.9K 756 75
                                    

Uni,

You Are My Happiness (Part 42)

နောက်ရက်တွင် ဇိုင်းမြတ်မဟာမောင်မှာ New York သို့ချက်ချင်းပြန်မသွားနိုင်။ သူ့အဖိုးကသွေးတိုးကာမေ့လဲသွားသည်မို့ အရင်သွားကြည့်ရသည်။

" shock ဖြစ်သွားပုံရပါတယ်။အရေးပေါ်အခြေအနေတော့မရှိတော့ပေမဲ့ အသက်ကြီးနေပြီဆိုတော့ သေချာတော့ဂရုစိုက်ရမှာပါ။"

ဇိုင်းမှာသူ့အဖိုး၏အပူအပြင် နောက်တစ်ပူထပ်တိုးလာသည်။
သူ့ဦးလေးကနိုင်ငံကနေစွန့်ခွာထွက်ပြေးသွားပြီဖြစ်သည်။
ပြေးသွားတာကအကြောင်းသိပ်မဟုတ်သေးပေမဲ့ ထိန်ယံလင်းနဲ့ဇိုင်းမြတ်မဟာလင်းကိုဖမ်းခေါ်သွားတာကပြဿနာဖြစ်နေသည်။

" သေချာသွားပြီ ဖမ်းခံရတာ cctvမှာတွေ့တယ် ထိန်ယံလင်းတို့သားအဖနှစ်ယောက်စျေးသွား၀ယ်နေတုန်းmaskနဲ့လူ၂နှစ်ယောက်က ကားပေါ်မှကြိုတက်ပြီး
စောင့်နေကြတာ။ ပြီးတော့ ကားကိုလမ်းဘေးတစ်နေရာမှာပြန်တွေ့တယ် လူတွေတော့မရှိတော့ဘူး။ အခုလမ်းကcctvတွေကတစ်ဆင့်တော့ သေချာပြန်လိုက်ခိုင်းထားတယ်။"

" ကလေးပါပါသွားတာလား။"

" အင်း သားအကြီးလေးလို့ပြောတယ်။"

ဇိုင်းသူ့အဖေပြောပြတာတွေနားထောင်ရင်း ဒေါသထွက်စွာဖြင့် စားပွဲခုံကိုလက်သီးဖြင့်ထိုးချလိုက်သည်။
ဒီလိုကိစ္စတွေမဖြစ်အောင်အတန်တန်သတိထားခဲ့ပါရက်နဲ့ ဖြစ်လာခဲ့သည်။
စောက်သုံးမကျသည့် သူ့ကိုယ်သူလည်းဒေါသထွက်သည်။

Bellaကလည်း အခန်းအတွင်းအမြန်၀င်လာရင်း ပြောပြသည်။
" လေဆိပ်ကစာရင်းတွေကြည့်ပြီးပြီ။ နင့်ဦးလေးက New Yorkကို
Passport အတုနဲ့သွားတာ။စောင့်ကြည့်ဆဲကာလမို့လို့သူ့Passport ကပြန်မရသေးဘူးလေ ။ ပြီးတော့ သူ့မိန်းမလည်းပျောက်နေတယ် ဘယ်မှာပုန်းနေလဲမသိဘူး။ New York ကိုအတူထွက်သွားတာတော့မဟုတ်ဘူး။

ဘာပဲဖြစ်ဖြစ် နင့်ဦးလေးNew York သွားတဲ့ကိစ္စကအခု
ကိုထိန်ယံလင်းပျောက်သွားတာနဲ့ လုံး၀အချိတ်အဆက်ရှိမှာ။ နင့်ကိုအကြပ်ကိုင်ပြီးတစ်ခုခုတောင်းချင်တာသာဆို မကြာခင်ဖုန်းဆက်..."

You Are My Happiness Where stories live. Discover now