အပိုင်း (၂၂) မင်းကိုယ့်အနားမှာရှိတာပျော်တယ်

8.1K 614 64
                                    

Uni,

You Are My Happiness (Part 22)

မနက်မိုးလင်းလာတော့ ထိန်ယံလင်း၏ခန္ဓာကိုယ်မှာ ကိုက်ခဲမှုတွေနဲ့အတူ နိုးထလာပြီး အအေးမိကာ နှာလည်းစေးနေခဲ့ပြီးဖြစ်သည်။

" နိုးလာပြီလား ကျွန်တော်လည်းအခုပဲနှိုးတော့မလို့။ ဖက်ထုပ်စွပ်ပြုတ်သွား၀ယ်ထားတယ်။ ပြီးရင် ဆေးခန်းသွားရအောင်နော် ကိုယ်တွေပူနေတာ။"

ထိန်ယံလင်းကလည်း သူ့အခြေအနေသူသိတာကြောင့် ဆေးခန်းသွားဖို့ကိုငြင်းဆန်မနေ ၀ယ်လာပေးသည့်ဖက်ထုပ်ကို နည်းနည်းစားပြီး ထိုနေရာမှထွက်ခဲ့တော့သည်။

ဆေးခန်းပြပြီးတော့ Company သို့လည်းမသွားဖြစ် ထိန်ယံလင်း၏အိမ်သို့သာရောက်လာကြသည်။

" ဟုတ်တယ် ဒီနေ့နားလိုက်မလို့ အရေးကြီးတာရှိရင် ဖုန်းဆက်လိုက်ဇေရဲ။"

" ဟုတ်ကဲ့ အခုကမိသားစုနေအိမ်မှာလား။သီးသန့်အိမ်မှာလားဗျ တစ်ယောက်ထဲဆို ကျွန်တော်လာကြည့်ပြီးတစ်ခုခု၀ယ်ခဲ့ရအုံးမလား။"

" ရတယ် ...ဇိုင်းရှိတယ် တစ်ခုခုလိုမှဖုန်းဆက်လိုက်တော့မယ်။"

အောင်ဇေရဲနဲ့ ဖုန်းပြောပြီးသည်နှင့် ထိန်ယံလင်းမှာအိပ်ယာပေါ်ပစ်လှဲပြီးအိပ်သည်။ ဇိုင်းမြတ်မဟာမောင်ကိုလည်းမမေ့ သူ့ဘေးကအိပ်ရာကို ပုတ်ပြရင်း

" ဇိုင်း လာလှဲ။မင်းလည်းဒီနေ့နားလိုက်တော့။"

" ယံယံ နေ့လည်နိုးလာရင်စားဖို့ ကျွန်တော်တစ်ခုခုသွားချက်လိုက်အုံးမယ်။ "

" ခဏလာလှဲပါကွာ ကိုယ်လည်းချက်ချင်းမစားပါဘူး။ဘေးမှာလာအိပ်ပေး။"

ထူးထူးဆန်းဆန်း ကလေးလေးလိုလုပ်နေသည့် ထိန်ယံလင်းကြောင့် ဇိုင်းလည်းထပ်စဥ်းစားမနေတော့ပဲ ဘေးမှာ၀င်လှဲပြီး ထိန်ယံလင်းကိုဖက်ထားလိုက်သည်။
" ဒီအိမ်ကအကျယ်ကြီးပဲကို ဘာလို့တစ်ယောက်ထဲနေနေတာလဲ။ မိသားစုနဲ့အတူနေတဲ့အိမ်ရှိတယ်ဆို။"

" အင်း အဲ့မှာလည်းလူစုံတဲ့အချိန်ကရှားတယ်လေ။ အဲ့တော့ဒီမှာပဲ ကိုယ့်ဘာသာလွတ်လွတ်လပ်လပ်နေလိုက်တာ။အဲ့အိမ်ကိုက တစ်ခါတလေမှသွားဖြစ်တယ်။"

You Are My Happiness Where stories live. Discover now