အပိုင်း (၂၆) New York

6.6K 555 47
                                    

Uni,

You Are My Happiness (Part 26)

ထိန်ယံလင်းမှာ လက်ကိုအမြန်ဆွဲဖြုတ်လိုက်သော်လည်း ခြံရံလင်းတို့ တွေ့မတွေ့တော့ သေချာမသိပေ။သို့ပေမဲ့လည်း ဟန်မပျက်ပြုံးပြလိုက်ရင်း

" မင်းတို့စျေး၀ယ်ထွက်လာတာလား။"

ခြံရံလင်းက သူနဲ့ဇိုင်းကိုထူးဆန်းသလိုကြည့်ရင်းပြန်ပြောသည်။
" ဟုတ်တယ် ကိုကြီး။ ဒါနဲ့သူကဘယ်သူလဲ။"

" ဟိုတစ်ခါ ကျွန်းပေါ်တုန်းကတစ်ယောက်လေ။ ပြောပြဖူးတယ်မလား။
အခုကိုကြီးဆီအလုပ်လုပ်နေတာ ။"
ပြီးနောက် ထိန်ယံလင်းကအချင်းချင်းမိတ်ဆက်ပေးလိုက်သည်။

" ဇိုင်း ဒါကိုယ့်ညီခြံရံလင်း ၊ သူ့ဘေးက ထက်ဝေဦးတဲ့ ကိုယ့်ညီလေးရဲ့ ချစ်သူ။ "

ခြံရံလင်းက ခေါင်းငြိမ့်ရင်း လက်ဆွဲနှုတ်ဆက်သည်။
" တွေ့ရတာ၀မ်းသာပါတယ်။ အရင်တုန်းက ငါ့အစ်ကို့ကိုအကူအညီပေးခဲ့တာတွေအတွက်လည်း ကျေးဇူးပါ။"

ဇိုင်းကလည်း ပြန်လက်ဆွဲနှုတ်ဆက်လိုက်ရင်း
" ဟုတ်ကဲ့ ကျွန်တော်လည်းတွေ့ရတာ၀မ်းသာပါတယ်။ Bossဆီကနေ သူ့ညီလေးအကြောင်းကြားဖူးပါတယ်။"

ဇိုင်းမှာ ထိန်ယံလင်း သူ့လက်ကိုဆွဲဖြုတ်လိုက်လို့စိတ်ဆိုးချိန်မရ။သူနားလည်ပါသည် ထိန်ယံလင်းကချက်ချင်းဘယ်အသိပေးချင်ပါ့မလဲ။

ထိန်ယံလင်းမှာ သူ့ညီ မရိပ်မိသည့်ပုံကြောင့် စိတ်အေးမယ် ကြံကာရှိသေး
ခြံရံလင်းကထမေးလာသည်။

" ခဏက ယံယံ ယံယံလို့ကြားမိသလိုပဲ နှစ်ယောက်သားပြောနေကြသေးလား။"

ခြံရံလင်းအမေးကြောင့် ထိန်ယံလင်းမှာ ရုတ်တရက်ခေါင်းကြီးသွားသော်လည်း ဇိုင်းကအလိုက်သိစွာ ၀င်ပြောပေးသည်။

" ဟုတ်တယ် Yum Yum ခေါက်ဆွဲ၀ယ်ဖို့ကျန်ခဲ့လို့ပြောနေကြတာ။"

" ဪ..အဲ့ဒါကြောင့်ကို။ ဆုံတုန်းလေး တစ်နေရာရာ စကားသွားပြောရအောင်လေ။ ကျွန်တော်တို့စကားသေချာမပြောဖြစ်တာတောင်ကြာပြီ။"

ထိန်ယံလင်းကချက်ချင်းခေါင်းခါသည်။
" ဒီနေ့​တော့မရဘူး ခဏနေစျေး၀ယ်ပြီးရင် ဇိုင်းကအိမ်ပြန်ရတော့မှာ။
သူ့အလုပ်ချိန်လည်းမဟုတ်တော့ဘူးလေ အားနာစရာကြီး။"

You Are My Happiness Where stories live. Discover now