အပိုင်း (၄၄) အပြစ်မမြင်သောချစ်သူ

6.3K 647 66
                                    

Uni,

You Are My Happiness (Part 44)

ထိန်ယံလင်းမျက်လုံး၂လုံးပွင့်လာချိန်တွင် ဆေးရုံရှိမျက်နှာကြက်များကိုအရင်မြင်လိုက်ရသည်။ တစ်ဆက်ထဲ ဇိုင်းနဲ့အတူရေထဲခုန်ချလိုက်သည့်မှတ်ဥာဏ်များ ကမ်းပေါ်နှစ်ယောက်သားပြန်တက်လာပြီးချိန်တွင် ဇိုင်းကသူ့ပါးလေးကိုဖွဖွလှမ်းကိုင်ရင်း နူးညံ့စွာပြုံးပြပြီးနောက် မေ့လဲသွားခဲ့သည်။

ထိန်ယံလင်းသည်လည်း သူတို့ဆီအပြေးလာနေသည့်ကယ်ဆယ်ရေးတွေ၏ပုံရိပ်ကိုမြင်ပြီးနောက် အစားသေချာမစားရသည့်အပြင် ပင်ပန်းမှုများကြောင့် ဇိုင်းဘေးမှာပင်မေ့လဲကျသွားသည်။

" ပါးပါး နိုးလာပြီ ဦးဦးရေ။"
လင်းမြတ်မဟာရောင်ကအော်တော့ဆိုဖာပေါ် ခဏမှေးနေသော ခြံရံလင်းနဲ့ဇိုင်းမြတ်မဟာလင်းတို့မှာထလာကြတော့သည်။

" ကိုကြီးအဆင်​ေပြရဲ့လား။ တစ်ခုခုမသက်သာတာရှိလားဟင်။"

"ပါးပါး သားတို့ပါးပါးကိုအများကြီးလွမ်းနေတာ။"
ထိန်ယံလင်းက သူ့ကုတင်ပေါ်တွယ်တက်လာကြသည့်ကလေး၂ယောက်ကိုကြည့်ရင်း နဖူးလေးတွေကိုတစ်ယောက်တစ်လှည့်မြတ်နိုးစွာနမ်းလိုက်သည်။
ပြီးမှခြံရံလင်းအမေးကိုဖြေသည်။
" မရှိပါဘူး ။ ဇိုင်းရောဟင်...သူရောဘယ်မှာလဲ။"

" သူဘေးအခန်းမှာ မနိုးသေးဘူး။"

" ဘာလို့လဲ တစ်ခုခုဖြစ်နေလို့လား။"

ထိန်ယံလင်းအမေးကို သားအကြီးဇိုင်းမြတ်ကဦးအောင်ဖြေသည်။
" ပါးပါး Daddyမြွေကိုက်ခံထားရတယ်တဲ့ အဲ့ဒါကြောင့်မနိုးတာပြောတယ်။"

သားငယ် လင်းမြတ်ကလည်းသံယောင်လိုက်ခေါင်းငြိမ့်ကာ
" ဟုတ်တယ် ပါးပါး။ ပြီးတော့ Daddy ပုခုံးနောက်ဘက်မှာလည်းအမာရွတ်ကြီးတွေ့လိုက်တယ်။"

ကလေးနှစ်ယောက်၏ဖြေပုံကြောင့် ထိတ်လန့်သွားသောထိန်ယံလင်းကို ခြံရံလင်းက ပြန်ရှင်းပြရသည်။
" ပုခုံးကအမာရွတ်ဆိုတာက ဗုံးပေါက်ကွဲမှုကြောင့် ကျန်ခဲ့တဲ့ဒဏ်ရာဟောင်းလို့ပြောတယ်။

မြွေကိုက်ခံထားရတာလည်းအရမ်းမစိုးရိမ်ရဘူး မြွေကအဆိပ်ပြင်းမြွေကြီးမဟုတ်သလို ကယ်ဆေးရေးတွေကတွေ့ကတည်းက ရှေးဦးသူနာပြုနည်းနဲ့အရင်ကုထားပေးကြတယ်။

You Are My Happiness Where stories live. Discover now