အပိုင်း (၁၃) အတွေ့အကြုံအသစ်+++

12.2K 830 73
                                    

Uni..,

+ခန်း sensitive သမားတွေဒီအခန်းလေးကျော်ဖတ်ပေးပါရှင့်။🚨🚨🚨

You Are My Happiness (Part 13)

သူ့အောက်တွင်ရှိသော ထိန်ယံလင်းအား ဇိုင်းမြတ်မဟာေမာင်သေချာစွာကြည့်မိသည်။ ထိုသူဟာ ပံုမှန်နဲ့မတူပဲ ပိုထိရှလွယ်နေသယောင် အသားအရည်မှာလည်း သာမန်ထက်ပိုနီရဲနေပြီး နမ်းရှိုက်ခံထားရသည့် နှုတ်ခမ်းလေးတွေမှာ ဖူးရောင်၍ စတော်ဘယ်ရီသီးလေးအတိုင်းပင်။

ရီဝေနေသောအကြည့်တွေနဲ့အတူ ရေပူကျွန်းတုန်းကအဖြစ်အပျက်တွေကိုပါတစ်ဆက်ထဲပြန်သတိရမိသွားသည်။ ထိုတုန်းကလည်း ထိန်ယံလင်းနဲ့ဇိုင်းမှာ မူးနေသည်ကိုအကြောင်းပြပြီး သာမာန်ထက်ပိုသောကိစ္စများကိုလုပ်ခဲ့ဖူးသည်။

ဇိုင်းမြတ်မဟာမောင်အနေနဲ့ ပထမဆုံးအကြိမ်ဖြစ်ခဲ့တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့အတူ အနည်းငယ်စိုးထိတ်မှုတွေလည်းရှိခဲ့သည်။ယောက်ျားလေးတစ်ယောက်နဲ့ မပြောနှင့် မိန်းကလေးတစ်ယောက်နဲ့တောင်မနမ်းဖူးသေးသောသူက ထိန်ယံလင်းနဲ့ဖြစ်ပျက်သွားသည့်ကိစ္စများကို ချက်ချင်းလက်မခံနိုင်ခဲ့တာလည်းပါသည်။

ထိုနေ့ကသူတို့နှစ်ယောက်လမ်းခွဲပြီးနောက်ပိုင်း ထိန်ယံလင်းအား ဇိုင်းသတိမရဘူးဟုပြောလျှင် လိမ်ရာကျမည်။မကြာခဏအာရုံထဲရောက်လာတက်လွန်း၍ မေ့ပျောက်သွားအောင် အလုပ်တွေဖိလုပ်ခဲ့ရတာလည်းခဏခဏပင်ဖြစ်သည်။
ယောက်ျားလေးသဘာ၀ သူ့ညီငယ်သူချော့မြူးလျှင်တောင် ထိန်ယံလင်းမျက်နှာကပေါ်ပေါ်လာတက်လွန်း၍ သူကိုယ့်သူgayသွားပြီးလာတောင်ထင်မိသည်။ normal pornပင်ကြည့်ရတာfeelingမလာတော့၍ တကယ်gay မ gay...gay pornတွေပြောင်းကြည့်ပြီး လေ့လာခဲ့ဖူးသည်။

သို့ပေမဲ့ gay pornကြည့်တော့လည်း သာမာန်ပင်ခံစားရပြီး ထွေထွေထူးထူးတော့မဖြစ်လာပေ။ နောက်ဆုံး သူအထူးဆန်းကြီးထူးဆန်းနေရသည့် အကြောင်းအရင်းက ထိန်ယံလင်းဆိုသည့်လူတစ်ယောက်ထဲကြောင့်သာဖြစ်မှန်းနားလည်သဘောပေါက်သွားရသည်။ ကွာခြားလွန်းတဲ့ အခြေအနေတွေရှိတာကြောင့် ထိန်ယံလင်းနဲ့ထပ်တွေ့စရာအကြောင်းမရှိလောက်ဘူးထင်၍ မြန်မြန်သာမေ့ပစ်နိုင်ရန်ကြိုးစားနေသော်လည်း မထင်မှတ်ပဲထိုလူက သူ့ကိုတကူးတကလာရှာသည်။

You Are My Happiness Where stories live. Discover now