အပိုင်း (၆) တောက်လောင်နေသောဆန္ဒများ

11K 854 62
                                    

Uni,

You Are My Happiness (Part 6)

မနက်ဖြန်တွင် ပြန်ရတော့မှာကြောင့် ထိန်ယံလင်းစိတ်ထဲ၌ ဤရေပူကျွန်းလေးအား ခွဲခွာရမည်ကိုအနည်းငယ်နှမြောတသဖြစ်နေမိသည်။
ထိုကျွန်းလေးပေါ်တွင် နေရာထိုင်ခင်းလေးကအဆင်ပြေပြီး လောဘ၊မောဟ၊ဒေါသတွေပြည့်နေသည့်လူများမရှိ။

လူတိုင်းနီးပါးသဘောကောင်းဖော်ရွေကြပြီး စိတ်ထားတွေအလွန်တရာမှကောင်းကြသည်။ သူ့အနေနဲ့ ဒီကအစားအသောက်တွေကိုလည်း စားနိုင်နေပြီဖြစ်သည်။ ၁လနီးပါးအချိန်လေးအတွင်းမှာ ထိုရေပူကျွန်းလေးအားသူတကယ်တွယ်တာမိသည်။

ညကျလျှင်သူတို့နှစ်ယောက်မပြန်ခင်နှုတ်ဆက်ပွဲလုပ်ပေးမှာဖြစ်တာကြောင့် ညနေခင်းထဲကအစားအသောက်များပြင်ဆင်ကြလေသည်။
ညဘက်တွင်မီးပုံလေးဖို၍ ငါးများ ပုစွန်များကင်ကာ စားသောက်ကြသည်။

လူကြီးတစ်ယောက်ထံတွင် မယ်ဒလင်လေးရှိတာကြောင့် ထိုလူကြီးကမယ်ဒလင်တီးခတ်သည်။
ထိန်ယံလင်းအတွက်တော့ အသစ်အဆန်းပင်။ သူ့အနေနဲ့ မယ်ဒလင်တီးခတ်သံကိုအရင်ကတစ်ခါမှမကြားခဲ့ဖူးပေ။

သံဇဥ်လေးမှာ ငြိမ့်ညောင်းသာယာသည်။သူ့မိန်းမဖြစ်ဟန်တူသောအမျိုးသမီးကြီးက စကသည်နှင့် တစ်ခြားအမျိုးသမီး၃ ၄ယောက်ကလည်း၀င်ကတော့သည်။

စကြ ပျော်ကြ ပြောကြရင်း သံဇဥ်တွေရယ်သံတွေမှာပျံ့လွင့်နေတော့သည်။
ထိန်ယံလင်း၏အပြုံးတွေကလည်း အစစ်အမှန်နဲ့တောက်ပလျက်ရှိသည်။
အရင်က Party ပွဲတွေမှာလို ဘယ်သူ့ကိုမှဟန်ဆောင်ပြုံးပြနေစရာမလိုပဲ
ယခုတွင်တော့ လှိုက်လှိုက်လှဲလှဲကို ရယ်မောမိတာဖြစ်သည်။

ဇိုင်းမြတ်မဟာမောင်ကလည်း ပုံမှန်နဲ့မတူစွာ ရယ်မောတက်ကြွနေသည်။
သူ၏ပါးချိုင့်နဲ့ သွားတန်းဖြူလေးတွေမှာပေါ်လွင်နေပြီး ပုခုံးများလှုပ်သည်အထိ ရယ်ပြုံးနေတာဖြစ်သည်။

လူငယ်တစ်ယောက်ဆိုပေမဲ့ လူကြီးတွေနဲ့လည်းပနံသင့်လှလေသည်။
ထိန်ယံလင်း၏ အကြည့်တွေမှာလည်း ထိုပါးချိုင့်နဲ့ကောင်လေးဆီသို့ မကြာခဏဆိုသလိုရောက်ရှိသွားတက်သေးသည်။

You Are My Happiness Where stories live. Discover now