အပိုင်း (၈) မင်္ဂလာပွဲနဲ့အတူ အချစ်စိတ်များဖြတ်တောက်

11K 903 38
                                    

Uni,

You Are My Happiness (Part 8)

ဇိုင်းမြတ်မဟာအောင် အသက်ကိုပုံမှန်ရှူရင်း အတွေးတို့က ထိန်ယံလင်းဆိုသည့်လူဆီရောက်ရှိသွားသည်။မတွေးမိအောင်နေသော်လည်း အနားယူသည့်အချိန်များတွင် ထိန်ယံလင်းမျက်နှာကပေါ်ပေါ်လာသည်။
တစ်ခါတစ်လေ ထိန်ယံလင်းအကြောင်းစဥ်းစားမိတိုင်း ဘာကိုဒေါသထွက်ပြီး အလိုမကျဖြစ်မိမှန်းမသိတော့ပေ။

မြို့ပေါ်ပြန်ရောက်သည်နှင့် ကျွန်းပေါ်မှာတုန်းကနဲ့မတူစွာကွဲပြားခြားနားသွားသောထိုလူ၏စိတ်ကိုသူနားမလည်တော့။ သူ့အားနှုတ်ဆက်စကားတစ်ခွန်းမပြောပဲ ထွက်ခွာသွားပြီး ငွေပုံပေးခိုင်းခဲ့သူအား ဒေါသလည်းထွက်သည်။
ဒါလူချမ်းသာတွေကျင့်သုံးနေကျ ပုံစံလားတော့သူမသိပေ။

ခဏအကြာတွင်တော့ ထိန်ယံလင်းအားသူ့အတွေးတွေထဲမှမောင်းထုတ်ပစ်လိုက်ပြီး အိပ်စက်ရန်ပြင်သည်။သူဒီနေ့အများကြီးပင်ပန်းခဲ့တာကြောင့်
အနားယူအိပ်စက်ရန်လိုအပ်နေပြီဖြစ်သည်။

......

ထိန်ယံလင်း ယနေ့တော့ အလုပ်မသွားဖြစ်ပေ။ အဲ့အစား မင်္ဂလာပွဲတစ်ပွဲသို့တက်ရမည်ဖြစ်သည်။ သူ့အဖေကိုယ်တိုင်ပင် သွားရောက်ဂုဏ်ပြုပေးရသည်။
အခြားသူတော့မဟုတ် စဝ်ခွန်သာမှိုင်းနှင့်စိုင်းခွန်းသန့်နောင်တို့၏ မင်္ဂလာပွဲလေးဖြစ်လေသည်။

မင်္ဂလာပွဲမှာအကြီးအကျယ်ကြီးမဟုတ်ပဲ ရင်းနှီးသောအသိမိတ်ဆွေအချို့ကိုသာဖိတ်ကြားထားတာဖြစ်သည်။ USမှာလုပ်မည့်ပွဲကတော့ လုပ်ငန်းရှင်အသိုင်းအဝိုင်းတွေပါအကုန်ပါမည်ဖြစ်တာကြောင့် ကြီးလောက်သည်။

ထိန်ယံလင်းအဖေမှာ သိပ်ဂုဏ်ပြုပေးချင်လှသည်တော့မဟုတ် ခွန်းသန့်နောင်မိဘတွေနဲ့ရင်းနှီးနေ၍သာ ပွဲသို့လာရောက်ပေးတာဖြစ်သည်။ သို့ပေမဲ့ကြာကြာတော့မနေပေ သူမမြင်ချင်သော သူ့သားငယ်ခြံရံလင်းတို့စုံတွဲကိုပါမြင်နေရတာကြောင့် ခပ်မြန်မြန်ပင်ပြန်သွားလေသည်။

သူ့အဖေသွားသည်နှင့် ခြံရံလင်းကပြောသည်။
"ပါးကိုတွေ့တယ်မလား ကျွန်တော်တို့နှစ်ယောက်ကိုသတ်မလိုကြည့်နေတာ။"

You Are My Happiness Where stories live. Discover now