အပိုင်း (၃၇) ခင်ဗျားကို မသိဘူး

6.7K 593 90
                                    

Uni,

You Are My Happiness (Part 37 )

ညနေစောင်းတွင် လေလံပွဲကြီးတစ်ခုကျင်းပပြီးသည်နှင့် ညparty ဆက်သည်။Partyပွဲကြီးအတွင်း နိုင်ငံအရပ်ရပ်မှအောင်မြင်နေတဲ့
လုပ်ငန်းရှင်ကြီးတွေဖြင့်ပြည့်နှက်နေသည်။

" မောင်ထိန်ယံလင်း ဒီနှစ်တွေအတွင်းပျောက်နေတယ်နော် သိပ်မတွေ့ရဘူး။"

" မဆုံဖြစ်တာလည်းပါမယ်ဗျ ကျွန်တော်USကလုပ်ငန်းတွေလောက်ပဲကိုင်ဖြစ်တော့လို့ပါ။"

" ပထမ တစ်ခါမင်္ဂလာပွဲပျက်သွားပြီးတည်းက ဘာသတင်းမှထပ်မကြားရတော့ဘူး ဘာလဲ လက်မထက်တော့ဘူးလား။တစ်ယောက်ပြတ်တော့လည်း နောက်တစ်ယောက်ပေါ့ကွာ အချိန်ကလူကိုမစောင့်ဘူးနော် "

ထိန်ယံလင်းက ထိုလူကြီးအားပြုံးရုံသာပြုံးပြလိုက်သည်။
ထိုလူကစကားထပ်ပြောမယ်လုပ်တုန်း ဇေရဲက ထိန်ယံလင်းနားရောက်လာကာ
ကပ်ပြောသည်။

" Mr.Han တို့ရောက်နေတယ် ။ Bossနဲ့စကားပြောချင်လို့တဲ့။"

ထိန်ယံလင်းလည်း ထိုလူကိုနှုတ်ဆက်ပြီး စင်ကာပူကလုပ်ငန်းရှင်တစ်ယောက်နဲ့သွားတွေ့ရသည်။

Party ပွဲဆိုပေမဲ့ ဘယ်သူမှလက်ယားလက်ယားတော့မနေနေကြပေ
သိတဲ့သူ အချင်းချင်း အလုပ်အကြောင်းတွေဆွေးနွေး သာကြောင်းမာကြောင်းတွေ မေးကြသည်။

Party ပွဲမှာအချိန်တစ်၀က်ခန့်ကုန်ဆုံးပြီးနောက် ထိန်ယံလင်းလည်း လုပ်ငန်းရှင်တော်တော်များနဲ့ တွေ့ဆုံစကားပြောပြီးပြီဖြစ်သည်။

ခြောက်နေတဲ့ လည်ချောင်းကိုရှင်းရန် ရှန်ပိန်တစ်ခွက်ကိုယူလိုက်ပြီး
မော့သောက်သည်။ ပြီးနောက် ဗိုက်လည်းဆာလာသယောင်ရှိတာကြောင့်
စတော်ဘယ်ရီကိတ်မုန့်သေးသေးလေးတစ်တုံးကိုယူစားသည်။
ထိန်ယံလင်း စားနေတုန်း ဘေးတွင်ကနေဒါလုပ်ငန်းရှင်၃ယောက်ကစကားပြောနေကြသည်။English လိုသာသုံးနှုန်းပြောဆိုနေကြသည်မို့ ထိန်ယံလင်းမှာ အကုန်နားလည်နေလေသည်။

" ဟာ ဘယ်လိုကြီးလဲ အဲ့ဒါဆို ဒီကောင်လေးကနှစ်ဖက်လံုးအမေွတွေရမှာပေါ့။ ဘယ်လိုပဲတော်တယ်ပြောပြောလေး အသက်လည်းသိပ်မကြီးသေးတဲ့ဟာ ဒီလူငယ်လေးလက်ထဲထည့်ပေးတော့မယ်ဆိုတာဖြစ်နိုင်လား။"

You Are My Happiness Where stories live. Discover now