Uni,
You Are My Happiness (Part 24)
နာမည်ကြီး Barတစ်ခုအတွင်း ထိန်ယံလင်း၏၀န်ထမ်းအချို့နဲ့အတူ ဇိုင်းမြတ်မဟာမောင်ပါရောက်ရှိနေသည်။ ဇိုင်းမှာ လာချင်လွန်း၍တော့မဟုတ် ထိန်ယံလင်းနဲ့တွေ့ချင်လို့လိုက်လာတာဖြစ်သည်။ သို့ပေမဲ့ တွေ့ချင်သောသူမှာ ယခုထိမလာ။
"ကိုဇေရဲ Bossမလာဘူးလား။"
" Boss ကဒီလိုပွဲတွေမလာတက်ဘူး။"
ဇိုင်းမှာ ဇေရဲကိုထပ်မမေးတော့ပဲ ထိန်ယံလင်းဆီသာ စာပို့လိုက်သည်။
" ယံယံမလာဘူးလားဟင်...။ ကျွန်တော်စောင့်နေတယ်နော်။ ဒီမှာမတွေ့ချင်ရင် တစ်နေရာရာမှာ တွေ့ကြမလား။ကျွန်တော့်ကိုစာပြန်ပါနော် "ဇိုင်း စာပို့လိုက်ပေမဲ့ ပြန်စာတော့မရောက်လာပေ။
ဇိုင်းမြတ်မဟာမောင်မှာစိတ်ညစ်၍ အဆိုတော်တွေသီဆိုနေကြသော သီ၀်ိုင်းကအသံကိုပင်မခံစားနိုင်။Barကလူအများကြီးမဟုတ်ပဲ အကန့်အသတ်နဲ့သာရှိပြီး သီချင်းတွေလည်း ဆူဆူညံညံကြီးဖွင့်တာ ဆိုတာမျိုးမရှိကြပေ။
ခဏမျှထပ်စောင့်ပြီး ဇိုင်းမှာပြန်ရန်ပြင်တော့သည်။ သူများတွေပျော်ပါးနေပေမဲ့ သူကတော့မပျော်နိုင်။
" ဟေ့ ဇိုင်း ပြန်တော့မလို့လား။ "
" အင်း..."
ဟုပြန်ဖြေမည် လုပ်တုန်း ထိန်ယံလင်း၀င်လာသည်ကိုတွေ့လိုက်ရတာကြောင့်
ချက်ချင်းခေါင်းခါပြသည်။" ဟင့်အင်း မပြန်သေးဘူး။"
ထိန်ယံလင်းရောက်လာပေမဲ့လည်း တစ်ခြားသူတွေလည်းရှိနေတာမို့ နှစ်ယောက်သား ခဏတဖြုတ်အကြည့်ချင်းဆုံသည်ကလွဲ၍ စကားသေချာပြောလို့မရ။
နောက်တော့ ဇိုင်းက သူသီချင်းဆိုပြမယ်ဆိုပြီး စင်ပေါ်တက်သွားသည်။
" ယေ့ မောင်လေးဇိုင်းကွ...."
ဇိုင်းသီချင်းဆိုမည်ပြောမည်ပြော၍ ၀န်ထမ်းကောင်မလေးတွေမှာ တက်ကြွသွားကြသည်။
ဇိုင်းမြတ်မဟာမောင် တကယ်ဆိုပြချင်သူက ထိန်ယံလင်းတစ်ယောက်ထဲသာဖြစ်မှန်းတော့သူတို့မသိကြပေ။

YOU ARE READING
You Are My Happiness
Romanceဇိုင်းမြတ်မဟာမောင်❤️ထိန်ယံလင်း - ဇိုင်းမြတ်မဟာမောင်...မင်းနာမည်ကလည်း ရှည်လျားထွေပြားလိုက်တာ။ - အင်း ရှည်တယ်ထင်ရင် မောင်လို့တစ်လုံးထဲခေါ်။တစ်ခြားဘယ်သူမှခေါ်ခွင့်မရှိပေမဲ့ ခင်ဗျားကိုခြွင်းချက်ထားပေးမယ်။ Start Date-7.11.2023 End Date -11.4.2024 ဒီဝတ္ထု...