အပိုင်း (၉) အလုပ်လုပ်ရန် ကမ်းလှမ်း

9.4K 853 42
                                    

Uni,

You Are My Happiness ( Part 9)

"အင်း ဟုတ်တယ်။ စိတ်မပူနဲ့ အစ်ကိုပြောတာအရင်နားထောင်
ညီမလေးက ဒီနေ့မလာနဲ့နော် နောက်ရက်ဆိုကျောင်းပိတ်မှာပဲ
အဲ့ချိန်မှာ အဖေ့ကိုလာကြည့်။ ဦးလေးပြန်လာရင် သူ့ကိုလွှတ်လိုက်ပါ။"

"..."

" အင်း ခွဲစိတ်ခက အစ်ကိုစုထားတာတွေလည်းရှိတာပဲ။ ကား၀ပ်ရှော့ဖွင့်ဖို့စုထားတဲ့ငွေတွေသုံးရမှာပေါ့။စုထားတဲ့ငွေတွေ ဦးလေးလာရင်ထည့်ပေးလိုက်နော်။ ပိုက်ဆံကိုစိတ်မပူနဲ့ အစ်ကိုနောက်ကျရင်ပြန်ရှာလို့ရတယ်။ အခုစိတ်အရမ်းမပူပဲ စာလုပ်စရာရှိတာလုပ်နေ။ တစ်ခုခုကို အစ်ကိုဖုန်းထပ်ဆက်ခဲ့မယ်။"

ထိန်ယံလင်းမှာ ဇိုင်းမြတ်မဟာေမာင် သူ့ညီမနဲ့ဖုန်းပြောနေတာကို သိပ်မလှမ်းမကမ်းမှ နားထောင်နေပြီးနောက် ဆေးရုံအုပ်နဲ့တွေ့ရန်ထွက်လာခဲ့တော့သည်။

.....

" ဗျာ...အလှူရှင်ရှိတယ်ဟုတ်လား။"

" ဟုတ်ပါတယ် မောင်ရင့်ရဲ့အဖေအတွက် ကုန်ကျစရိတ်အပြီးအစီးအစစအရာရာဘာမှစိတ်မပူနဲ့တော့။"

" ဘယ်သူလှူတာလဲ..."

" ဖောင်ဒေးရှင်းအဖွဲ့အစည်းတစ်ခုကပါ။ အလှည့်ကျလှူနေကျ မောင်ရင်တို့ကံကောင်းသွားတယ်။"

" ထိန်ယံလင်း ဆိုတဲ့လူလား။"

ဆရာ၀န်မှာနေရခက်သွားဟန်ဖြင့် မျက်မှန်ကိုဟန်လုပ်ကာပင့်တင်လိုက်ရင်း
" ဘယ်သူလှူလှူ မောင်ရင်တို့အတွက်အဆင်ပြေသွားပြီလေ။ဒါ၀မ်းသာရမဲ့ကိစ္စပါ။"

ဇိုင်းမြတ်မဟာမောင်မှာ ၀မ်းမသာနိုင်ပေ။ ထိန်ယံလင်းဆီက ဘာကျေးဇူးကြွေးမှပြန်မယူပါဘူး အပြတ်ငြင်းပြီကာမှ ယခုလိုအကူအညီကိုမလိုချင်ပေ။ သူ၀ပ်ရှော့ဖွင့်ရန်စုထားသော ငွေလောက်နဲ့မလောက်မှန်းသိသော်လည်း ထိန်ယံလင်းဆီကအကူအညီယူရမှာ တကယ်ပင်စိတ်ခုမိသည်။
အဲ့အစား သူအလုပ်တွေပင်ပင်ပန်းပန်းသာလိုက်လုပ်ပစ်လိုက်မည်။

ထိန်ယံလင်းအားတွေ့ကာစကားပြောရန်ပြင်သော်လည်းထိန်ယံလင်းကမရှိတော့ပေ။ ဆက်သွယ်ရန် ဖုန်းနံပါတ်လည်းမယူထားမိ။

You Are My Happiness Where stories live. Discover now