အပိုင်း (၄) ရေပူကျွန်း

10.8K 982 46
                                    

Uni,

You Are My Happiness (Part 4)

ဇိုင်းမြတ်မဟာမောင် သူ့အင်္ကျီအောက်စအားဆွဲဖြဲ၍ ထိန်ယံလင်းခြေထောက်ဒဏ်ရာမှာစီးနှောင်ပေးလိုက်သည်။

" ဒီရက်ပိုင်း ခင်ဗျားလျှောက်သွားလို့မရလောက်တော့ဘူး။"

" မင်းအင်္ကျီငါ့ကြောင့်ပြဲသွားပြီ တစ်ချိန်ကျိန်းသေငါပြန်ပေးမှာပါ။"

" အဲ့ဒါကြီးပဲ ခဏခဏမပြောနေလို့ရမလား။ "

ထိန်ယံလင်းကသူ့ကိုသူပြန်ငုံ့ကြည့်ရင်း ဘာများရှိမလဲရှာသည်။
ပြီးနောက် သူ့လက်ကတန်ဖိုးကြီးLuxury နာရီအားချွတ်ကာ ဇိုင်းကိုလှမ်းပေးသည်။

" ရော့ မင်းအတွက်..."

ဇိုင်းမြတ်မဟာမောင် မျက်ခုံးတန်းတွေကတွန့်ချိုးသွားရင်း မေးသည်။
" ဘာအတွက်လဲ..."

" ဒီအတောအတွင်း ငါ့ကိုကူညီပေးထားတာတွေအတွက်။ လောလောဆယ်ငါ့မှာဒါပဲပေးစရာရှိတယ်။ "

" ကျွန်တော်က တစ်ခုခုလိုချင်လို့ ကူညီပေးနေတာလို့ထင်နေတာလား။"

" ငါမင်းကိုဘယ်လိုကျေးဇူးတင်ရမလဲ မသိလို့လေ။ ယူလိုက်ပါ နောက်ရက်တွေလည်း ငါကဘာမှသိပ်အကူအညီမဖြစ်တော့ မင်းပင်ပန်းရအုံးမှာ။"

အတင်းထိုးပေးနေသော နာရီအား ဇိုင်းဖယ်ခါပစ်တာကြောင့် နာရီလေးမှာသဲသောင်ပြင်ပေါ်ပြုတ်ကျသွားသည်။
" ဒါကခင်ဗျားတို့လူချမ်းသာတွေရဲ့ ကျေးဇူးတင်ကြောင်းပြတဲ့နည်းပေါ့လေ။
ပိုက်ဆံနဲ့အရာရာဖြေရှင်းနိုင်တယ်ထင်နေပုံပဲ။"

" ကျစ် အထင်လွဲနေပြန်ပြီ။ ငါမင်းကိုအားလည်းနာပြီး တကယ်ကျေးဇူးတင်လို့ပေးတာပါ။ ငါအခုဘာမှမလုပ်နိုင်သေးဘူး အဲ့တော့လတ်တလောပေးနိုင်တာပေးတာ"
ထိန်ယံလင်း ပြောရင်းနာရီလေးကိုပြန်ကောက်ကာ သဲတွေခါလိုက်သည်။
" ဒါကို ကတိသက်သေသဘောထားထားရအောင် ဒီကျွန်းပေါ်မှာ နှစ်ယောက်အတူနေခဲ့ရင်း မင်းငါ့ကိုကူညီပေးခဲ့တယ်ဆိုတာကိုပေါ့ လောေလာဆယ်တော့ ဒီစေတနာလေးပဲတက်နိုင်တယ်။နောက်ကျမှ မင်းဆီကရခဲ့တဲ့အကူအညီတွေအတွက် သေသေချာချာပြန်ပေးဆပ်မယ်။"

You Are My Happiness Where stories live. Discover now