အပိုင်း (၁၄) စိတ်ဆိုးခြင်း

11K 726 56
                                    

Uni,

You Are My Happiness (Part 14)

မနက်ခင်းတွင် ဇိုင်းမြတ်မဟာမောင်အရင်နိုးလာပြီး သူ့ဘေးကထိန်ယံလင်းကိုကြည့်သည်။ ဖြစ်ပျက်သွားသည့်ကိစ္စတွေက အိမ်မက်နဲ့တူသော်လည်း လက်တွေ့ဖြစ်ကြောင်း သူ့ရင်ခွင်ထဲကထိန်ယံလင်းမှာသက်သေပြနေသည်။
ထိန်ယံလင်းကတော့ ပင်ပန်းထားတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဟန်ရှိသည်။

ပုံမှန်ဆိုအမြဲသပ်သပ်ရပ်ရပ်လှန်တင်ထားသောထိန်ယံလင်း၏ ဆံပင်များကယခုချိန်တွင် ဖရိုဖရဲဖြင့်နဖူးပေါ်အုပ်ကျလျက်ရှိပြီး အပူအပင်ကင်းသည့် လူငယ်လေးတစ်ယောက်လို နှစ်လိုဖွယ်ကောင်းနေပြန်သည်။

ဇိုင်းမြတ်မဟာမောင်၏ လက်များကသူကိုယ်တိုင်ပင်မသိလိုက်ပဲ မြှောက်သွားပြီး ထိန်ယံလင်းဆံပင်များကိုသပ်ပေးမိသည်။အနည်းငယ်ပူနွေးသောအရှိန်ကိုခံစားမိတာကြောင့် နဖူးလေးကိုစမ်းကြည့်တော့ အဖျားအနည်းငယ်ရှိသယောင်နွေးထွေးနေလေသည်။

ထို့ကြောင့် ဇိုင်းအချိန်ဖြုန်းမနေတော့ပဲ တစ်ခုခုကျွေးပြီး ဆေးတိုက်ရန်ထလုပ်တော့သည်။ ထိန်ယံလင်းအား မနိုးစေချင်သေးတာကြောင့် ခပ်သာသာဖွဖွပင်ထကာ လုပ်စရာရှိတာလုပ်ပြီး ဆေးသွားပြေး၀ယ်သည်။

ဆေးပြေး၀ယ်ပြီးနောက် hotel ကမီးဖိုချောင်းခန်းအတွင်း ကိုယ်တိုင်၀င်၍
ခရုဆန်ပြုတ်လေးကိုချက်ပေးသည်။ Hotelမီးဖိုချောင်ကို သာမာန်လူတွေ၀င်ခွင့်မရှိသော်လည်း ထိန်ယံလင်း၏လက်ထောက်ဖြစ်တာကြောင့် သူ့အား၀င်ခွင့်ပေးတာဖြစ်သည်။

" ဟုတ်ပြီ ဒါလေးခဏနေအခန်းထဲကိုပို့ပေးနော်...။"

ဇိုင်း၀န်ထမ်းလေးအား မှာပြီးနောက် သူ့အိမ်ကိုဖုန်းဆက်ရန် အပြင်သို့ထွက်ခဲ့သည်။

" စိတ်ပူမနေနဲ့ ဒီညနေပြန်လာမှာပါ။ အစ်ကိုဘာ၀ယ်ခဲ့ရအုံးမလဲ။"

"...."

" အင်း ဟုတ်ပြီ။ ပြန်လာရင်မုန့်၀ယ်ခဲ့မယ်"

"...."

" အဲ့ဒါဆို အစ်ကိုဖုန်းချလိုက်တော့မယ် ကျောင်းသွားရတော့မှာမလား ။ဒါပဲနော် တစ်ခုခုဆိုချက်ချင်းဖုန်းဆက်ဟုတ်ပြီလား။"

You Are My Happiness Where stories live. Discover now