အပိုင်း (၁၅) အဆင်ပြေပျော်ရွှင်

9.9K 799 99
                                    

Uni,

You Are My Happiness (Part 15)

သာယာလှသော တနင်္ဂနွေနေ့မနက်ခင်းတွင် ဇိုင်းမြတ်မဟာမောင်တစ်ယောက်ကတော့ စိတ်အလိုမကျမှုများကို လက်ဝှေ့အိတ်ထံထိုးနှက်ရင်း ဖြေလျော့နေလေသည်။

ဘေးတွင်ကြည့်နေသော သူ့သူငယ်ချင်းနှစ်ယောက်ကတော့ဇိုင်းအားကြည့်ရင်း

" ဟျောင့် ဒီကောင်ဇိုင်းဘာဖြစ်နေလည်းမသိဘူးနော်။"

" ဘာဖြစ်ရမှာလဲ လက်ဝှေ့ထိုးနေတာလေ။"

" လက်ဝှေ့ထိုးနေတာတော့သိတာပေါ့ကွာ။ မနက်ခင်းလာထိုးတာကရှားတယ်လေကွာ။"

" ဪ အရင်ကမနက်ခင်းတွေဆိုအလုပ်လုပ်နေရတာကများတယ်လေကွာ။အခုအားလို့နေမှာ​ပေါ့။"

ကျော်နိုင်စိုးက အဲ့လောက်တံုးရသလားဆိုကာ ထွန်းရင်ခေါင်းအားတစ်ချက်တီးရင်း
" မင်းကလည်း ပိန်းချက်ကွာ အဲ့ဒါတော့ငါလည်းသိတာပေါ့။ အခုကဇိုင်းမြတ်မဟာမောင် ရုပ်ကိုသေချာကြည့် တစ်ခုခုကိုစိတ်တိုနေတာကွ။လက်ဝှေ့အိတ်သည်းကြီးမဲကြီးထိုးခံနေရတာ ပေါက်တောင်ပေါက်တော့မယ်။"

ထိုအခါမှထွန်းရင်ကသူ့ခေါင်းသူပွတ်ရင်း ဇိုင်းကိုသေချာကြည့်သည်။
" အေး ဟုတ်သလိုပဲကွ။ဟိုအလုပ်မှာဖိအားရှိလို့များလား "

" ထားပါ ခဏလွှတ်ထားလိုက်။ ငါတို့လည်းအလုပ်သွားရတော့မှာ ပြန်လာမှမေးကြတာပေါ့"

" ဟျောင့် ဇိုင်း...ငါတို့အလုပ်သွားလိုက်အုံးမယ်နော် ညနေအားရင် မသောက်တာကြာပြီ သောက်ကြမယ်ကွာ"

ဇိုင်းအား လှမ်းပြောပြီးနောက် သူ့သူငယ်ချင်းနှစ်ယောက်ကထွက်သွားကြသည်။

ဇိုင်းရဲ့အတွေးတွေထဲမှာတော့ ထိန်ယံလင်းတစ်ယောက်သာရှိနေသည်။ လက်သီးချက်များက လက်ဝှေ့အိတ်ပေါ်တစ်ချက်ပြီး တစ်ချက်ကျရောက်နေဆဲ။

ထိန်ယံလင်းကချက်ချင်းလက်ငင်းပြောင်းလဲသွားပြီး သူ့ကိုရှောင်ဖယ်နေသည်ကို အလွန်ဒေါသထွက်နေမိသည်။ဒီကိစ္စလောက်ကိုဘာကြောင့် ဒေါသထွက်မိမှန်း သူ့ကိုယ်သူလည်းနားမလည်တော့ပေ။

You Are My Happiness Where stories live. Discover now