အပိုင်း (၂၈) Happy Birthday Zai🎂

6.1K 487 57
                                    

Uni,

You Are My Happiness (Part 28)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

You Are My Happiness (Part 28)

မှောင်မဲသွားသည့်ပတ်၀န်းကျင်တွင် ခဏအကြာ၌ ဖယောင်းတိုင်မီးရောင်လေးနဲ့အတူ ထိန်ယံလင်းမျက်နှာလေးမှာ ပေါ်ထွက်လာခဲ့သည်။ ဖယောင်းတိုင်း
မီးရောင်လေးတွေကတော့ သူ့လက်ထဲတွင်ကိုင်ထားသည့် ကိတ်မုန့်လေးပေါ်က
ဖြစ်လေသည်။

ကိတ်မုန့်လေးကလက်ရာသိပ်မလှပပဲ cream အဖြူလေးတွေကအနည်းငယ်ဖရိုဖရဲဖြစ်နေကာ အပေါ်တွင် စတော်ဘယ်ရီသီး​လေးတွေကိုစီတန်းထားလေသည်။

"ဇိုင်း Happy Birthday ပါ။ "

ခဏကစိုးရိမ်နေသည့် ဇိုင်းမြတ်မဟာမောင်မှာ ယခုတော့အံ့သြသွားပြီး
ထိန်ယံလင်းကိုကြည့်နေသည်။

" ယံယံ ကျွန်တော့်မွေးနေ့ကိုသိနေတာလား။  "

" ဒါပေါ့ မင်းရဲ့မွေးနေ့မှာပထမဆုံးsupriseလုပ်ပေးတဲ့သူကကိုယ်ဖြစ်ချင်လို့ ဘာမှမပြောပဲ တိတ်တိတ်လေးလုပ်နေတာလေ။"

" ကျွန်တော်ကယံယံ့ကိုမတွေ့တော့ စိတ်ပူသွားတာဗျာ။"

" မင်းအတွက် ကိုယ်ကိုယ်တိုင် ကိတ်မုန့်လေးလုပ်ပေးချင်လို့လေ။
အခု မြန်မြန်လေးဆုတောင်းပြီး ဖယောင်းတိုင်မီးမှုတ်လိုက်တော့။"

ဇိုင်းကပြုံးလျက် ချက်ချင်းဆုတောင်းသည်။
" နှစ်တိုင်းကျွန်တော့်မွေးနေ့မှာ ယံယံနဲ့အတူ အတူရှိပါစေ။"

ရိုးရှင်းသော ဆုတောင်းလေးအပြီး မှုတ်ထုတ်လိုက်သည့်လေတွေကြောင့် ပတ်၀န်းကျင်မှာ တဖန်မှောင်မဲသွားပြန်သည်။

ထိန်ယံလင်းက ကိတ်မုန့်ကိုစားပွဲပေါ်ချလိုက်ပြီး မီးခလုတ်ကိုပြန်သွားဖွင့်လိုက်သည်။

You Are My Happiness Where stories live. Discover now