အပိုင်း (၁၉) လွမ်းနေတယ်

8.7K 654 64
                                    

Uni,

You Are My Happiness (Part 19)

" သား မေမေပေးထားတဲ့ ဒီဆင်စွယ်ဆွဲကြိုးလေးကို လုံး၀မချွတ်ပဲ၀တ်ထားရမယ်နော်။"

" ဟုတ် မေမေ။ မေမေ့ ဘယ်တော့ပြန်လာမှာလဲဟင်။"

ဇိုင်းမိခင်က သူ့သားခေါင်းလေးကိုဖွဖွပွတ်ရင်းပြောသည်။
" မကြာပါဘူးကွယ် တွေ့သင့်တဲ့သူတွေနဲ့သွားတွေ့ပြီးရင်ပြန်လာမှာ။ ပြန်လာတဲ့အခါကျမှ သားကိုကိစ္စတွေပြန်ပြောပြမယ်နော်။ မေမေသွားရင် ဖေဖေ့စကားကိုလည်းသေချာနားထောင်ရမယ်နော်။ ညီမလေးကိုလည်း ဂရုစိုက်။"

" ဟုတ် ဖေဖေရောညီမလေးကိုရော သားဂရုစိုက်မှာ။ မေမေပြန်လာရင်လည်း လေယာဥ်ပျံကြီးနဲ့ပဲ ပြန်လာမှာမလား။မြန်မြန်ပြန်လာခဲ့နော် သားလွမ်းနေမှာမေမေ့ကို။"

ထိုနေ့က သူ့အမေသည်လက်ပြနှုတ်ဆက်ပြီး လေယာဥ်ပေါ်တက်သွားခဲ့သည်။
ဘယ်တော့မှပြန်မလာတော့ပဲ တစ်သက်တာနှုတ်ဆက်သွားခဲ့တာဖြစ်သည်။
ထိုအဖြစ်အပျက်အား ဇိုင်းပြန်လည်အိမ်မက်မက်နေတာဖြစ်ပြီး အဆုံးသတ်ချိန်တွင် နှိုးထလာခဲ့သည်။

မနက်အစောကြီးဖြစ်ပြီး ဝေလီဝေလင်း ၅နာရီခွဲခန့်လောက်ဖြစ်သည်။ပြန်လည်းအိပ်မရတော့ပေ။ သူ့​လည်ပင်းက ဆင်စွယ်လေးအားဆုပ်ကိုင်ကြည့်လိုက်သည်။ ဆင်စွယ် ထိပ်ပိုင်းတွင် ငွေဖြင့်လက်ရာမြောက်လှစွာအနားကွတ်ထားသည့် ဆင်စွယ်လေးမှာ နယ်နယ်ရရတော့မဟုတ်ပေ။

သာမာန်ဆင်စွယ်တွေလိုဖြတ်ယူထားခြင်းမျိုးမဟုတ်ပဲ ဆင်မာန်စွယ်ဖြစ်သည်။ ဆင်တစ်ကောင်က ဒေါသထွက်၍ သစ်ပင်တွေမှာထိုးစိုက်ကျန်ခဲ့တာမျိုးကို ဆင်မာန်စွယ်ဟုခေါ်သည်။ ဆင်မာန်စွယ်အစစ်တွေက သေနတ်နဲ့ပစ်လျှင်တောင်ပျက်စီးခြင်းမျိုးမရှိပေ။ သို့သော် ဆင်တိုင်းတော့မဟုတ် ဆင်အုပ်စုကိုဦးစီးခေါင်းဆောင်သည့် ဆင်ကြီး၏ အစွယ်မှသာဖြစ်သည်ဟုကြားဖူးသည်။ တကယ်အစစ်ဆိုလျှင် တန်ဖိုးများစွာရှိပြီး ပိုက်ဆံရှိတိုင်းလည်း ၀ယ်၍မရနိုင်သော ရှားပါးပစ္စည်းဖြစ်သည်။

ဇိုင်းမှာသူ့ဆင်စွယ်သူကြည့်၍ သူ့မိခင်အကြောင်းစဥ်းစားရာမှ ထိန်ယံလင်းကိုပါသတိရမိသွားသည်။ အခုဆိုလျှင် ၁လပြည့်တော့မည်ဖြစ်သော်လည်း ထိန်ယံလင်းကပြန်မရောက်လာသေးပေ။ ဖုန်းလည်း ခဏခဏမဆက်ဖြစ် အောင်ဇေရဲ ပြောမှသာပြန်သိရသည်။

You Are My Happiness Where stories live. Discover now