အပိုင်း (၃၉) ထပ်မနှောင့်ယှက်ဖို့ကတိပေးခြင်း

6.2K 751 112
                                    

Uni,

You Are My Happiness (Part 39)

" အဲ့၀ိတ်တာက တမင်၀င်တိုက်တာ။ ဦးလေးလုပ်ခိုင်းတာကျိန်းသေတယ်။"
ဇိုင်းမြတ်မဟာမောင်က ကြိတ်မနိုင်ခဲမရဖြင့် သူ့အဖေနဲ့Bellaကိုပြောသည်။

" သားဘယ်လိုဖြစ်သွားမလဲသိချင်နေတာဖြစ်မယ်။တကယ်လို့ အဲ့လူကသာသားအတွက်အရေးကြီးမှန်းသိသွားရင် ပိုဆိုးတာတွေလုပ်နိုင်တယ်။သူကအခုသားကိုထိုးနှက်နိုင်မဲ့ ကိစ္စတွေပဲလိုက်ရှာနေတာ။သတိထားမှဖြစ်မယ် "

"ကျွန်တော်သိတယ် အဲ့ဒါကြောင့်လည်းအခုထိယံယံကိုအဆက်အသွယ်မလုပ်ခဲ့တာ။ ကျွန်တော် အဖိုးဆီကအမွေတွေတစ်ခုမှမလိုချင်ဘူး။ဒီတိုင်းတရား၀င်စွန့်လွှတ်ကြောင်းပဲပြောလိုက်ချင်တယ်။ ဘာလို့အရေးမပါတဲ့ကိစ္စအတွက်တိုက်ခိုက်နေရတာလဲ။ ကျွန်တော်ထိခိုက်တာထက် ယံယံထိခိုက်သွားမှာကိုပိုကြောက်တယ်။"

သူ့အဖေကခေါင်းခါရင်း
" အဲ့လိုလုပ်လို့လွယ်လွယ်မပြီးဘူး။သားရှိနေသ၍ သူတို့ကစိတ်အေးမဲ့ပုံမရှိတာ။ ဘယ်လောက်မှမကြာတော့ပါဘူး မကြာခင်သူတို့လည်းထောင်ထဲသွားရတော့မှာ ဒီအတောအတွင်းခဏသည်းခံအုံး။"

ဇိုင်းမြတ်မဟာမောင်မှာ စိတ်ရှုပ်သည့်ပုံဖြင့် ဆိုဖာပေါ်ထိုင်ချလိုက်သည်။
ထိန်ယံလင်းရဲ့ မျက်နှာလေးကိုပြန်မြင်ယောင်ရင်း စိတ်ထဲကလည်းအကြိမ်ကြိမ်တောင်းပန်သည်။

လွန်ခဲ့တဲ့ ၄နှစ်က ထိန်ယံလင်းနဲ့အတူထွက်သွားမည့်နေ့တွင် သူ့အဖေနဲ့အဖိုးလူတွေကလည်း လိုက်လာခဲ့သည်။ သူတို့တွေအပြင် သူ့ကိုအပြတ်ရှင်းမည့် သူ့ဦးလေးလူတွေက ခြေတစ်လှမ်းဦးသည်။

ဇိုင်းမြတ်မဟာမောင်တို့က စက်လှေဖြင့်ထွက်သွားမည်ကိုသိ၍ဗုံးတစ်လုံးကြိုတပ်ဆင်ထားခဲ့သည်။ ထိုဗုံးအား ဇိုင်းစက်လှေပြန်လှည့်သည့် အချိန်မှာမှတွေ့တာဖြစ်ပြီး ပေါက်ကွဲရန်လည်းစက္ကန့်ပိုင်းသာလိုတော့သည်။

သူအနေနဲ့များများစားစားစဥ်းစားချိန်မရ ထိုစက်လှေပေါ်မှချက်ချင်းခုန်ချခဲ့သည်။ သို့ပေမဲ့ပေါက်ကွဲမှုကနေလွင့်စင်လာသည့် အပိုင်းအစများကြောင့် ဒဏ်ရာတွေလည်းရသည်။

You Are My Happiness Where stories live. Discover now