အပိုင်း (၂၀) မိုးရေစက်တွေကြားက လူနှစ်ယောက်

7.9K 725 52
                                    

Uni,

You Are My Happiness (Part 20)

ဖုန်းဆက်ပြီး ပြန်လာသည့် ထိန်ယံလင်းမှာ ဇိုင်းနဲ့အတူထိုင်နေသော ရှိန်းသက္ကရာဇ်ကိုတွေ့၍ လန့်သွားသည်။

" ရှိန်းသက္ကရာဇ်!"

ရှိန်းသက္ကရာဇ်က ထိန်ယံလင်းကိုမြင်တော့ ခပ်မဲ့မဲ့ပြုံးရင်းမေးသည်။
" ဒီမှာကောင်လေးကိုထားခဲ့ပြီး ဘယ်တွေသွားနေတာလဲ။"

ထိန်ယံလင်း ထိုရှိန်းသက္ကရာဇ်အား လျစ်လျူရှူလိုက်ပြီး ဒေါသရိပ်လွှမ်းနေသည့် ဇိုင်းမြတ်မဟာမောင်ကိုကြည့်သည်။

" ဇိုင်း ဘာဖြစ်လို့လဲ။"

ဇိုင်းထရပ်လိုက်ပြီး သူ့နားကပ်နေသည့် ထိန်ယံလင်းကိုအနည်းငယ်တွန်းလိုက်သည်။
" ခင်ဗျားမိတ်ဆွေတွေက တစ်ယောက်မှကောင်းတာမရှိသေးဘူး။
ထိန်ယံလင်း ခင်ဗျားလည်း ကျွန်တော့်သည်းခံမှုကိုစမ်းသပ်နေသလိုပဲ။
သူ့ကိုပြောထားလိုက် ကျွန်တော့်ဘာကောင်လဲဆိုတာ။"

ဇိုင်းမြတ်မဟာမောင်ကထိုသို့ပြောပြီး လက်ကိုင်ပုဝါကိုစားပွဲပေါ်ကြမ်းတမ်းစွာပစ်တင်၍ ထိုနေရာမှထွက်သွားရန်ပြင်သည်။

ထိန်ယံလင်းက ဇိုင်းလက်ကိုဆွဲရင်း
" ဇိုင်း ခဏလေး သူဘာပြောလို့လဲ။ ကိုယ်တို့အတူပြန်မယ်လေ။"

ဇိုင်းကချက်ချင်း သူ့လက်ကိုရုန်းပစ်သည်။
" သိချင်ရင် သူ့ကိုမေးလေ။ ခင်ဗျားကိုလည်း ကျွန်တော်မတွေ့ချင်ဘူး။မလိုက်လာနဲ့"

ဇိုင်းကဒေါသထွက်နေပုံရပြီး ဘာဖြစ်သွားလဲ မသိတာကြောင့် ထိုင်နေသော ရှိန်းသက္ကရာဇ်ကိုသာမေးရန်ကျန်တော့သည်။

" ရှိန်းသက္ကရာဇ်..မင်းဘာတွေသွားပြောတာလဲ။"

ရှိန်းသက္ကရာဇ်ကအရင်ရယ်သည်။
" ဟေ့ မင်းအခုအဲ့လူငယ်လေးဆီက ဒေါသထွက်ခံလိုက်ရတာလား။
ဘာလဲကွာ ထိန်ယံလင်းမဟုတ်သလိုပဲ။ ဒီကောင်လေးကကိုင်တွယ်ရခက်မဲ့ပုံနော် ဘာလို့အဲ့လိုခပ်ဆိုးဆိုးတွေသဘောကျရတာလဲ။"

" မင်း ဘာပြောလိုက်လဲဆိုတာအရင်ပြောစမ်းပါ။ဒါဟာသမဟုတ်ဘူး။"

" ဒီတိုင်း မင်းစပွန်ဆာပေးထားတဲ့ကောင်လေးလားလို့ မေးလိုက်တာ။ အရင်တစ်ယောက်ကိစ္စရော နည်းနည်း။"
ရှိန်းသက္ကရာဇ်က ခပ်ပေါ့ပေါ့ပြန်ဖြေလာပုံကိုကြည့်ပြီး ထိန်ယံလင်းဒေါသထွက်သွားသည်။

You Are My Happiness Where stories live. Discover now