အပိုင်း (၁၂) ဦးဆောင်သူနေရာအား အလျော့ပေးရခြင်း

10.6K 823 95
                                    

Uni,

You Are My Happiness (Part 12)

ထိန်ယံလင်းတစ်ယောက် ငြိမ်းချမ်းတော်ဝင်တိုက်သော အရက်အချို့ကိုသောက်ပြီးနောက် မူးဝေလာရသည်။

"ကိုလင်း သောက်အုံးလေဗျာ။"

"တော်ပြီ ငြိမ်းချမ်း ကိုယ်များနေပြီ။"

" ရရဲ့လား နားမလားဟင်။ အခန်းထဲမှာ ခဏသွားနားရအောင် အမူး‌ေပြအောင် ဖျော်ရည်လေးပါ မှာပေးမယ်။"

အခန်းထဲရောက်ပြီး ခဏအကြာတွင် ထိန်ယံလင်းကိုယ်တွင်း၌မူမမှန်မှုများစဖြစ်လာတော့သည်။
အစကမူးဝေရုံသာဆိုပေမဲ့ ယခုတွင်တော့သူဆေးခတ်ခံထားရမှန်းသိလိုက်သည်။ ထိုကောင်လေး ဒီလောက်ရဲတင်းလိမ့်မည်ဟုမထင်ထားခဲ့။

ထို့ကြောင့် ဇိုင်းမြတ်မဟာမောင်အား ဖုန်းအမြန်ဆက်ရသည်။
ဖုန်းဝင်သွားသည်နှင့် စိတ်ရှည်ပုံမရသော အသံလေးကထွက်လာသည်။
" hello ခင်ဗျား ဘယ်....!"

" ဇိုင်း... ဇိုင်း ကိုယ့်ကိုလာခေါ်အုံး။"

" ခင်ဗျားဘာဖြစ်နေတာလဲ ။ဘယ်နေရာမှာလဲပြော။"

ထိန်ယံလင်းအခန်းတွင်းဝေ့ဝိုက်ကြည့်ကာပြန်ဖြေတုန်း ရေခွက်ယူကာဝင်လာသည့် ငြိမ်းချမ်းတော်ဝင်က ဖုန်းကိုလာလုသည်။
" ဒီအဆောက်အဦးထဲမှာပဲ ဘယ်အခန်းလဲတော့မသိ... ငြိမ်းချမ်းဖယ်လို့ ကိုယ်တကယ်စိတ်ဆိုးလာပြီ "

" ထိန်ယံလင်း ခင်ဗျားဘယ်မှာလဲ အတိအကျပြောလေဗျာ။"

ဇိုင်း၏အမေးကိုပြန်မဖြေနိုင်တော့ ငြိမ်းချမ်းတော်ဝင်နဲ့ အရင်ရှင်းနေရလေသည်။

"ငြိမ်းချမ်း မင်းအခုဘာလုပ်ဖို့ကြိုးစားနေတာလဲ ကိုယ်စိတ်မတိုတက်ဘူးထင်နေတာလား။"

"ကိုလင်း စိတ်တိုလည်းမတက်နိုင်ဘူး။ ကျွန်တော်ကတော့ လိုချင်တာကိုရအောင်လုပ်မှာပဲ။ အစထဲကကျွန်တော့်ကို အတင်းငြင်းမနေသင့်တာ။"

ထိန်ယံလင်းမှာကိုယ်တွင်းကပူလောင်မှုကို‌အတင်းဖျောက်ရင်း စိတ်အစုံကိုစုစည်းကာ ငြိမ်းချမ်းတော်ဝင်ကို အတင်းတွန်းထုတ်သည်။

ငြိမ်းချမ်းတော်ဝင်က မရမကပြန်ဆွဲ၍ ကုတင်ပေါ်ခေါ်သည်။

"ကိုလင်းရာ ဒီအခြေအနေနဲ့ ဘယ်ကိုထွက်သွားမလို့လဲ ။ဒီလောက်လှတဲ့ ကျွန်တော့်ကိုထားပြီး ဘယ်ကောင်ကိုသွားရှာမှာလဲဗျာ။ စိတ်ကိုလွှတ်ပြီး ကျွန်တော်နဲ့ပဲ အတူအိပ်လိုက်ပါတော့။"

You Are My Happiness Where stories live. Discover now