အပိုင်း (၂၇) မေပယ်မြို့တော်

6.2K 544 44
                                    

Uni,

You Are My Happiness (Part 27)

သာယာငြိမ်းချမ်းကာ ေနချင်စဖွယ်ဖြစ်သော မေပယ်မြို့တော်ဟုအများကသတ်မှတ်ကြတဲ့ Canadaနိုင်ငံ။ တစ်နိုင်ငံလုံးနီးပါးမှာ မေပယ်ပင်များကိုတွေ့နိုင်ပြီး နိုင်ငံရဲ့အမှတ်အသားတစ်ခုလည်းဖြစ်သည်။

Canada နိုင်ငံကမြောက်အမေရိကတိုက်တစ်တိုက်လုံး၏၄၀ရာခိုင်နှုန်းကိုယူထားပြီး ကမ္ဘာပေါ်တွင် ဒုတိယဧရိယာအကျယ်ဝန်းဆုံးနိုင်ငံလည်းဖြစ်လေသည်။

ထိန်ယံလင်းနဲ့ ဇိုင်းမြတ်မဟာမောင် လိုက်ပါစီးနင်းလာသည့် လေယာဥ်ကတော့ Canada မြို့ရဲ့အကြီးဆုံးလေဆိပ်ဖြစ်သည့်
Toranto Pearson International Airport တွင်ဆင်းသက်လာသည်။

American-New York မြို့ကနေ Canada ၏အကြီးဆုံးမြို့တော် Toranto မြို့ကြီးဆီသို့ လေယာဥ်ချိန်မှာ ၁နာရီကျော်ခန့်မျှသာကြာမြင့်သည်။

Canada နှင့် American နိုင်ငံမှာကပ်လျက်တည်ရှိနေတာကြောင့်
Niagara ရေတံခွန်ဆိုလျှင် နှစ်နိုင်ငံလံုး၏နယ်နိမိတ်ထဲ၌ပါ၀င်လျက်ရှိသည်။

ထိန်ယံလင်းနဲ့ ဇိုင်းတို့မှာ ရောက်ရောက်ချင်းHotelတွင်ခဏနားပြီးနောက်
ညဘက်တွင် China Townဘက်သို့လည်ပတ်ရင်း အစားအသောက်များသွားစားကြသည်။

" ဒီနေ့တော့ အချိန်လည်းသိပ်မရှိဘူးဆိုတော့ Hotelပြန်ကြမယ်။ကိုယ် နောက်ရက်မှ မြို့ထဲကို သေချာလိုက်ပို့ပေးမယ်။ဒီည online classရှိသေးလား"

" ဒီညတော့မရှိဘူး မနက်ဖြန်ညတော့ရှိတယ်။မြန်မာပြည်နဲ့ မနက်ညပြောင်းပြန်ဖြစ်နေတော့ ညဘက်တက်ရသလိုဖြစ်သွားတာ။"

ထိန်ယံလင်းက ဇိုင်းလက်ကိုတင်းတင်းဆုပ်ကိုင်ကာ လမ်းလျှောက်နေရင်း ပြန်ပြောသည်။
" ကိုယ့်ကောင်လေးက စာတွေကြိုးစားနေတယ်ကွာ။ဖြစ်နိုင်ရင် ကိုယ်မင်းကို Canada မှာကျောင်းတက်စေချင်တယ်။ ဒီမှာက ပညာရေးအရမ်းကောင်းတယ်။နိုင်ငံတကာအဆင့်မှီတက္ကသိုလ်တွေအများကြီးပဲ။

ဒီမြို့မှာဆို Toranto Universityက အရမ်းနာမည်ကြီးတယ်။၁၈၇၂ခုနှစ်ထဲကဖွင့်ထားတာ နိုင်ငံရေးခေါင်းဆောင်တွေ nobles ဆုရှင်အချိူ့ဆိုလည်း အဲ့တက္ကသိုလ်မှာပဲတက်ခဲ့တာ။"

You Are My Happiness Where stories live. Discover now