အပိုင်း (၄၃)အပြုံးတွေဖြင့်ဆင်းသက်ခြင်း💙

6.7K 707 38
                                    

Uni,

You Are My Happiness (Part 43)

"စိတ်မပူပါနဲ့ မိန်းမရာ။ ဒီကောင့်အားနည်းချက်ကကိုယ့်လက်ထဲတင်ရှိနေတာ။
မနက်ဖြန် ကိုယ့်passport နဲ့တောင်းထားတဲ့ပိုက်ဆံတွေ ရွှေတုံးတွေနဲ့အတူ
ဒီကောင်လာရမှာ။"
ဇိုင်းဦးလေးကပျော်ရွှင်စွာဖြင့် သူ့မိန်းမကိုပြောပြနေသည်။

"...."

" သိပါတယ် ကိုယ်အဲ့ဒါတွေရရင် ခဏခြေရာဖျောက်ပြီးနေလိုက်မှာလေ။ အချိန်လေးနည်းနည်းကြာမှနိုင်ငံကူးမယ်။ မင်းလည်းအဲ့ခါကျမှလိုက်ခဲ့ပေါ့။
မင်းကိုမိလည်းစိတ်ပူစရာမလိုဘူး မိန်းမ။ မင်းမှာဘာပြစ်မှုမှမရှိဘူး အေးဆေးပါကွာ။

ဒီကောင်လည်းတကယ့်စောက်ရူး ယောက်ျားချင်းကိုအသည်းအသန်ဖြစ်နေတာ။ အဲ့အချက်ကပဲ ကိုယ်ကံကောင်းသွားတယ်ပြောရမယ်။အစကသူတကယ်ကြီး စိတ်မ၀င်စားတော့ဘူးထင်နေတာ အဲ့နေ့ကကိုယ်သာသူဆီမသွားဖြစ်ရင်
သူတို့ပြောတာတွေကြားမှာမဟုတ်ဘူး။  "

" ....."

" ကလေးလား ကလေးကရှုပ်လို့မြန်မြန်ပြန်ပေးလိုက်တာ။ ကိုယ်ကမေးတယ် ကလေးအရင်ယူမလား လူကြီးယူမလားဆိုတော့ လူကြီးတဲ့လေ တော်တော်ဖြစ်နေတာ။

ကိုယ်ကလည်း လအမှမဟုတ်တာ သူအရမ်းပြန်လိုချင်တဲ့သူကိုပေးစရာလား။
အခုကလေးပေးလိုက်တော့လည်း အေးတာပဲမဟုတ်ရင်အလုပ်ရှုပ်တယ်လေ။"

"....."

" ဟုတ်ပြီ စိတ်ပူမနေနဲ့တော့ မင်းယောက်ျားပါကွ။ ကဲကဲဒါပဲနော်။"

*******

ထိန်ယံလင်းကအခန်းတစ်ခုအတွင်းရှိ တိုင်တွင်ကြိုးတုပ်ခံထားရသည်။
ညနက်သန်းခေါင်ရောက်နေပေမဲ့ သူအိပ်မပျော်သေးပေ။
သူအဲ့နေ့ကအဖမ်းခေါ်ခံလိုက်ရပြီး ဇိုင်းမြတ်မဟာမောင်
ဦးလေး၏အကြံအစည်တွေကိုသိလိုက်ရသည်။

အခုဘာပဲဖြစ်ဖြစ် သူ့သားလေးကိုလွှတ်ပေးလိုက်တာမို့စိတ်နည်းနည်းအေးရသော်လည်း သူ့ကိုလာခေါ်မည့်ဇိုင်းအတွက်စိတ်ပူနေရသေးသည်။

ထိန်ယံလင်း၏အတွေးတွေမှာ အခန်းထဲကို၀င်လာသည့် ဇိုင်းဦးလေးကြောင့် ခဏရပ်တန့်သွားသည်။

You Are My Happiness Where stories live. Discover now