အပိုင်း (၄၆) နွေးထွေးလုံခြုံသောရင်ခွင်

5.3K 512 76
                                    

Uni,

You Are My Happiness (Part 46 )

ထိန်ယံလင်းနဲ့ဇိုင်းတို့သူ့အဖိုးကိုသွားကြည့်ပြီးပြန်လာကြသည်။
" မင်းအဖိုးရောအဖေရောက ကိုယ့်ကိုအမြင်ကြည်ပေးကြလို့တော်ပါသေးတယ်။"

ဇိုင်းကပြုံးရင်း
" ယံယံ့ကအကြည်ဓါတ်လေးလေ ဘယ်သူကသဘောမကျပဲနေနိုင်မလဲဗျာ။
ပြီးတော့အဖေက ယံယံ့အဖေနဲ့တွေ့ဖို့လုပ်မယ်တဲ့။"

" ဇိုင်း..အဲ့ကိစ္စကိုတားလို့ရလားဟင်။"

" ဘာလို့လဲ"

ထိန်ယံလင်းကသက်ပြင်းအသာချသည်။
" ကိုယ့်အဖေကို ကိုယ့်ဘာသာအရင်ပြောရမလားလို့။ ရုတ်တရက်ကြီး
မင်းတို့ဘက်ကစပြောလိုက်ရင် အဆင်မပြေလောက်ဘူးထင်တယ်။
ဒါပေမဲ့ စိတ်ချပါဇိုင်း ကိုယ့်အဖေသဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဒီတစ်ခါတော့ကိုယ်လုံး၀မင်းလက်ကိုမလွှတ်ပါဘူး။"

" ကျွန်တော်ရောပဲ ဘယ်သူ့ကိုမှဂရုစိုက်နေမှာမဟုတ်ဘူး။ယံယံနဲ့ ကျွန်တော့်ကလေးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေတော့မှာ။"

နှစ်ယောက်သားလက်ကိုတင်းတင်းဆုပ်ကိုင်ထားရင်းပြုံးလိုက်ကြလေသည်။

.......

" အခု Boss တကယ်ကြီး ဥက္ကဋ္ဌကိုပြောပြတော့မယ်ပေါ့။

" အင်း ပြောပြတယ်ဆိုတာထက် အသိပေးမှာပါ။ဘာပဲဖြစ်ဖြစ်ငါ့အဖေနေရာမှာရှိနေတာဆိုတော့ အသိပေးတာေလာက်ပဲဖြစ်ဖြစ်လုပ်သင့်တယ်ထင်လို့။
သူ့ဘက်ကဘယ်လိုသဘောထားရှိနေနေဂရုစိုက်မှာမဟုတ်ဘူး။"

အောင်ဇေရဲကတွေဝေသွားဟန်ဖြင့် ပြောသင့်မပြောသင့်စဥ်းစားသည်။
" ဟို...ဟိုလေ Boss တကယ်တော့ ဥက္ကဋ္ဌက Bossကလေးမွေးထားတာကိုသိပါတယ်။ ပြီးတော့အခုဇိုင်းနဲ့ပြန်တွေ့ပြီအဆင်ပြေနေပြီဆိုတာကိုရော။"

" ဘာ..."
ထိန်ယံလင်းက ဇေရဲကို မယံုကြည်စွာကြည့်ရင်း
" သူသိတယ် ဟုတ်လား။ အဲ့ကိစ္စကိုမင်းကလည်းသိတယ်ဆိုတော့
ဇေရဲ မင်းဒီအတောအတွင်းကိစ္စတွေအကုန်လုံး ငါ့အဖေဆီဖောက်သည်ပြန်ချပေးနေတာလား။"

" တောင်းပန်ပါတယ်Boss ။ Bossကလေးမွေးတဲ့အချိန်တုန်းက ဥက္ကဋ္ဌလည်းရောက်လာတယ်။သူထင်တာက Bossနေမကောင်းဘူးထင်လို့ စိတ်ပူပြီလာတာ။ လာရင်းအဲ့ကိစ္စတွေသိသွားတော့ ကျွန်တော်လည်းမရှင်းပြလို့မရဘူးလေ။"

You Are My Happiness Where stories live. Discover now