အပိုင်း (၃၈) ခင်ဗျားနဲ့ထပ်မပတ်သတ်ချင်ဘူး

6.4K 752 102
                                    

Uni,

You Are My Happiness (Part 38)

အောင်ဇေရဲ တစ်ယောက်အခန်းထဲသို့ ပျော်ရွှင်စွာဖြင့်၀င်လာပြီး
ထိန်ယံလင်းအား ဖိတ်စာကတ်တစ်ခုကိုပေးသည်။

" ဘာလဲ ဇေရဲ..."

" Bossကိုဖိတ်ထားတာ စေ့စပ်ပွဲ... ဇိုင်းမြတ်မဟာမောင်ရဲ့ညီမ စေ့စပ်တော့မှာ  အဲ့ပွဲမှာ Boss ဇိုင်းနဲ့ကျိန်းသေတွေ့လို့ရပြီလေ။တွေ့ရဖို့ခက်ခက်ခဲခဲလုပ်နေစရာမလိုတော့ဘူး။ "

ထိန်ယံလင်းမှာ ဖိတ်စာလေးအား ၀မ်းသာရအားရဖွင့်ကြည့်သည်။
လက်ရှိ ဇိုင်းအဖေ Mr,Benjamin ရဲ့နောက်အိမ်ထောင်ကမွေးထားသည့်သမီးရဲ့ စေ့စပ်ပွဲလေးဖြစ်သည်။ဇိုင်းနဲ့ဆိုရင် အဖေတူအမေကွဲသည့် ညီမလေးဖြစ်သည်။

ထိုပွဲကို ဇိုင်းတို့ဘက်ကသူ့ကိုဖိတ်လာသည်တော့မဟုတ် စေ့စပ်ရမည့်သတို့သားလောင်းနဲ့ ထိန်ယံလင်းတို့မှာအသိတွေဖြစ်တာကြောင့်
ဖိတ်စာရခြင်းဖြစ်သည်။

ဘယ်သူဖိတ်ဖိတ်သူ့အတွက်အရေးမကြီးပေ ဇိုင်းမြတ်မဟာမောင်နဲ့တွေ့ရမည်ဆိုလျှင် အဆင်ပြေသည်။

******

ကြီးကြီးတက်ချမ်းသာကြသော အသိုင်းအ၀ိုင်းနှစ်ခု၏စေ့စပ်ပွဲဖြစ်တာကြောင့်
သာမန်နဲ့မတူစွာ ပွဲကအတော်ခမ်းနားသည်။

ဇိမ်ခံသ​ေင်္ဘာကြီးပေါ်တွင် ပွဲကိုကျင်းပပြုလုပ်ပြီး တက်ရောက်လာကြသည့်လူတွေအကုန် လူကုံထံအသိုင်းအ၀ိုင်းကပင်ဖြစ်ကြသည်။

ထိန်ယံလင်းကတော့ ဇိုင်းမြတ်မဟာမောင်နဲ့ ဘယ်အချိန်စကားပြောခွင့်ရမလဲသာချောင်းနေပြီး ဇိုင်းဘက်ကတော့ သူ့ကိုတစ်ချက်ပင်ကြည့်လာခြင်းမရှိ။
ဇိုင်း၏အဖေက သူ့သားအားလုပ်ငန်းရှင်လူကြီးအချို့နဲ့မိတ်ဆက်ပေးနေသည်။

ခဏအကြာတွင် သူနဲ့သတို့သားလောင်းတို့နှုတ်ဆက်စကားပြောနေတုန်း ဇိုင်းမြတ်မဟာမောင်ကပျောက်သွားသည်။

ဇိုင်း၏ပါတနာဖြစ်သော ကောင်မလေးBellaကလည်းတစ်ခြားသူတွေနဲ့စကားပြောနေပြီဖြစ်တာကြောင့် ထိန်ယံလင်းမှာဇိုင်းကိုလိုက်ရှာရတော့သည်။

You Are My Happiness Where stories live. Discover now