အပိုင်း (၄၀) လက်ဖျားနဲ့တောင်မထိနဲ့

6.3K 664 68
                                    

Uni,

You Are My Happiness (Part 40)

" ဇိုင်း ဘာဖြစ်တာလဲ။ ညစာတောင်မစားရသေးဘူး ဘာလို့အိမ်ပြန်လာတာလဲ။ငါစာရင်းကိစ္စတွေပြောမလို့လေ "
Bellaမှာ ဇိုင်းနောက်ကတကောက်ကောက်လိုက်ရင်းမေးသည်။

ဇိုင်းကအနောက်ပြန်လှည့်လာရင်း
" မနက်က ယံယံ့ကိုသွားတွေ့တယ်ဆိုတာဘယ်လိုဖြစ်တာလဲ။"

" ဘာဖြစ်ရမှာလဲ နောက်နင့်ကိုလာမရှုပ်ဖို့သွားပြောတာ။"

" Bella ! "

သူ့ကိုအသံမြင့်မြင့်အော်ခေါ်လာသည်မို့ Bella မျက်နှာပျက်သွားသည်။

" ဘာလဲ ငါပြောလို့မရဘူးလား။ ငါပြောလိုက်လို့ အခုနင့်ကိုထပ်မရှုပ်တော့ဘူးလို့ပြောတယ်မလား။ ကျေးဇူးတောင်တင်ရအုံးမယ် ဘာလို့လာစိတ်တိုနေတာလဲ။"

"ဒီကိစ္စက မင်းပြောစရာမလိုဘူး။ငါပြောတာတောင် တော်တော်လွန်နေပြီ
ဘာလို့ သူပိုစိတ်ညစ်သွားအောင်သွားလုပ်ရတာလဲ။ ပြီးတော့ခဏကလည်း
ကိုယ်ထိလက်ရောက်လုပ်လိုက်သေးတယ်။"

Bella ကအံ့သြတကြီးကြည့်ရင်း
" ဘယ်မှာလုပ်လို့လဲ နည်းနည်းလေးထိတာကို။ဇိုင်း နင်အရမ်းမကဲနဲ့နော်
ယံယံ ယံယံနဲ့ နင့်ကိုနားကိုမလည်နိုင်တော့ဘူး ။ အမှန်ဆို အဲ့လူကိုမေ့ပစ်ပြီးအေးဆေးနေသင့်တာ။နင့်ဘ၀ကအခုလည်းပြည့်စုံနေပြီပဲဟာ။ "

ဇိုင်းကတည်ကြည်လေးနက်စွာပြန်ဖြေသည်။
" မပြည့်စုံဘူး။ ငါ့ဘ၀ကသူသာမရှိရင်တစ်သက်လုံးပြည့်စုံမှာမဟုတ်ဘူး။
ငါ့ဘ၀ကိုပြီးပြည့်စုံအောင်လုပ်ပေးနိုင်တဲ့သူက ယံယံတစ်ယောက်ပဲရှိတယ်။
စိန်တွေရွှေတွေငွေတွေ တစ်ခုမှဟုတ်မနေဘူး။ ဦးလေးရဲ့အရှုပ်ထုတ်တွေဖော်ပြီး ထောင်ထဲပို့နိုင်တာနဲ့ ယံယံ့အနားပြန်နေမှာ။ "

Bellaကမျက်နှာဆူပုတ်သွားကာ
" ဟွန့် ဟိုကပြန်လက်ခံရင် ကံကောင်း။ ဒီလောက်ပြောခံထားရတာ။"

" ယံယံစိတ်မပြေမချင်း ကျေနပ်အောင်ပြန်လုပ်ပေးမှာ။ တစ်သက်လုံးဆိုလည်းရတယ် ။ သူ့နားမှာသာနေရရင် အလုပ်သမားလုပ်ရလည်းကိစ္စမရှိဘူး။နောက်တစ်ခါ ယံယံ့ကိုဘာမှသွားမပြောနဲ့ လက်ဖျားနဲ့တောင်မထိပါနဲ့ မကြိုက်ဘူး။ "

You Are My Happiness Where stories live. Discover now