အပိုင်း (၁၇) Twilight Kiss

9.7K 858 73
                                    

Uni,

You Are My Happiness (Part 17)

ဇိုင်းမြတ်မဟာမောင် နောက်မနက်ခင်းနိုးလာမှ ထိုအပန်းဖြေစံအိမ်ကြီးကတဆင့် ထင်းရှူးမြို့တော်ဟုတင်စားရသည့် ကလောမြို့အလှအပကြီးကိုသေချာစွာရှူစားရတော့လေသည်။

ညတုန်းကတည်း ထိုအိမ်ကြီးဟာကျယ်၀န်းကြောင်းသိသော်လည်း မနက်ခင်းရောက်မှပို၍ ရှင်းရှင်းလင်းလင်းသိသွားရတာဖြစ်သည်။

ခြံအကျယ်အ၀န်းက စတုရန်း၁သောင်းခွဲလောက်ရှိပြီး သစ်ပင်ပန်းမန်များဖြင့် သေသပ်လှပစွာ စိုက်ပျိုးထားသေးသည်။အပျင်းပြေလမ်းလျှောက်ထွက်ရန်နေရာ စာဖတ်ဖို့စားပွဲခုံလေးတွေဖြင့် တကယ့်ကိုတိတ်ဆိတ်ငြိမ်သက်၍ အပန်းဖြေအနားယူချင်စရာကောင်းလှသည်။

အိမ်အတွင်းပိုင်းမှာလည်း ရေကူးကန်တစ်ခုပါရှိပြီး gym ဆော့ရန်နေရာအခန်းလေးလည်းပါရှိသေးသည်။အိမ်၏အခြားနေရာများကိုလည်းခေတ်မှီလှပသော ဒီဇိုင်းဆန်းဆန်းဖြင့် နေချင်စဖွယ်တည်ဆောက်ထားသည်။
ဝရံတာမှ ကြည့်လိုက်လျှင်လည်း တောင်တန်းတွေ ထင်းရှူးပင်တွေဖြင့် ပြည့်နှက်နေသည့် ကလောမြို့လေးကို အပေါ်စီးကမြင်နေရသည်။

" ဇိုင်း မောနင်း..."
ထိန်ယံလင်းက ကော်ဖီခွက်လေးတစ်ခွက်ကိုင်၍ ဇိုင်းရှိရာ၀ရံတာသို့ထွက်လာလေသည်။

" ကော်ဖီတွေသောက်နေတာလား။ ခင်ဗျား ကော်ဖီမကြိုက်ဘူးလေ ဒီနေ့အလုပ်တွေလည်းမရှိဘူးမလား။"

ထိန်ယံလင်း ကော်ဖီမကြိုက်မှန်း ဇိုင်းမြတ်မဟာမောင်သိထားပြီဖြစ်သည်။

" ကိုယ်လည်းအကျင့်ဖြစ်နေပြီ အလုပ် လုပ်လုပ်မလုပ်လုပ် ကော်ဖီမှမသောက်ရရင် မလန်းဆန်းဘူးဖြစ်နေတာ။"

" ဒီလိုနေ့တွေမှာတော့ ခင်ဗျားပုံစံအစစ်အမှန်တိုင်းနေလေ။ ဟန်ဆောင်လည်းပြုံးစရာမလိုဘူး မကြိုက်တာတွေလည်းမလုပ်နဲ့။ မဟုတ်ရင်ဘယ်လိုလုပ်အနားယူတယ်ခေါ်မှာလဲ။ "
ဇိုင်းကပြောရင်း ထိန်ယံလင်းလက်ထဲမှ ကော်ဖီခွက်ကိုသိမ်းယူလိုက်သည်။

" လာခဲ့ ကျွန်တော်မနက်စာပြင်ပေးမယ်။"

" ရတယ် ဇိုင်း။ ဒီမှာအလုပ်သမားတွေရှိပါတယ် မင်းအပင်ပန်းခံစရာမလိုဘူး။"

You Are My Happiness Where stories live. Discover now