အပိုင်း (၃၁) ကိုယ်တို့ဇာတ်လမ်းပြီးပြီ

6.5K 648 80
                                    

Uni,

You Are My Happiness (Part 30)

ထိန်ယံလင်းက ဓါတ်ပုံတွေကိုတွေ့ပြီး တုန်လှုပ်သွားပေမဲ့ ဟန်ဆောင်အပြုံးခပ်သေးသေးပြုံးသည်။

" ပါး...သူကကျွန်တော့်လက်ထောက်ပါ။ ပါးလည်းသိတယ်မလား ကျွန်းပေါ်ကကောင်လေးလေ။ ဒီနေ့ ကျွန်တော်စိတ်ပြေလက်ပျောက်အပြင်ထွက်လည်ဖြစ်.."

" မင်းပါးစပ်ပေါက်ကိုပိတ်ထားစမ်း။ "
ထိန်ယံလင်း၏စကားတွေမှာ သူ့အဖေအော်သံကြောင့်ပြတ်တောက်သွားသည်။

" ဒီလောက်ပြုံးဖြီးပြီး အကြည်စိုက်နေကြတာတောင် ငါ့ကိုလိမ်ချင်သေးတာလား။ ငါCanada ကHotelထိစုံစမ်းပြီးပြီ မင်းနဲ့အဲ့ကောင်အတူနေပြီးလျှောက်လည်ကြတာတွေကို ငါဘာမှမသိဘူးထင်နေတာလား။"

သူ့အဖေကပြောရင်း ဒေါသထွက်လာဟန်ဖြင့် သူ့ရှေ့ကဖုန်းကိုနံရံဘက်ပစ်ပေါက်သည်။
" သားနှစ်ယောက်မွေးထားတာ စောက်ချိုးတွေကခွေးလိုပဲ။စောက်သုံးမကျတဲ့gayတွေ ။ "

ထိန်ယံလင်းကချက်ချင်းဒူးထောက်ချသည်။
" ပါး ကျွန်တော်တောင်းပန်ပါတယ်။"

" အခုကိစ္စကိုမင်းဘာသာဖြတ်မှာလား၊ ငါကိုယ်တိုင်၀င်ပါရမှာလား ပြောစမ်း။"

ထိန်ယံလင်းက ခြောက်သွေ့နေသည့်လည်ချောင်းကိုရှင်းရန် တံတွေးတစ်ချက်မြိုချသည်။
"ပါးအရမ်းစိတ်မဆိုးပါနဲ့  ကျွန်တော့်ဘာသာလုပ်ပါ့မယ် ။
သူလည်းမကြာခင် ကျောင်းသွားတက်တော့မှာပါ ။"

သူ့အဖေက ထလာရင်း ထိန်ယံလင်းနဖူးကို လက်ညှိုးဖြင့်ထိကာထိုးသည်။
" မင်းညီအချိုးမျိုးထပ်လာချိုးလို့ကတော့ မင်းတို့နှစ်ယောက်လုံး လမ်းေဘးခွေးတွေထက် ဘ၀ဆိုးအောင်ငါလုပ်ပစ်မှာ။အထူးသဖြင့် မင်းကိုပဲ။ "

သူ့သားသူ စူးရဲစွာကြည့်ရင်းဒေါသများကိုအင်မတန်ထိန်းချုပ်ထားရသည့် အသံဖြင့်
"ငါ့သားအကြီးဆုံးဆိုပြီငယ်ငယ်ထဲက ဘယ်လောက်တောင်မင်းအပေါ်မျှော်လင့်ချက်တွေကြီးမားလဲ  သိတယ်မလား။ ငါမျှော်လင့်ထားသလိုသားတစ်ယောက်ဖြစ်အောင် အစွမ်းကုန်ကြိုးစားပြီးသင်ပေးထားတာတွေ အလကားမဟုတ်ဘူး။

You Are My Happiness Where stories live. Discover now