အပိုင်း (၃၃) ပျော်ရွှင်မှုလေးပျောက်ကွယ်ခြင်း

5.7K 599 83
                                    

Uni,

You Are My Happiness (Part 33)

ကားပေါ်တွင် ထိန်ယံလင်းတည်ငြိမ်စွာထိုင်နေပေမဲ့ စိတ်အစုံကတော့လှုပ်ရှားလို့နေသည်။ မနက်ဖြန်တွင် တရား၀င်လက်ထပ်လက်မှတ်ထိုးရမှာဖြစ်သော်လည်း ကိစ္စမရှိ သူဒီနေ့ပဲ ဇိုင်းနဲ့အတူ ရေပူကျွန်းသို့ထွက်သွားကြရန်ချိန်းထားပြီးပြီဖြစ်သည်။
ထိန်ယံလင်းကားပေါ်တွင် ဆိပ်ကမ်းတွင်စောင့်နေသည့် ဇိုင်းမြတ်မဟာမောင်ဆီသို့ စာတစ်စောင်လှမ်းပို့သည်။

" ကိုယ်မကြာခင် မင်းဆီရောက်မယ်။"

တစ်ဖက်ကချက်ချင်းစာပြန်လာသည်။
" ကျွန်တော်စောင့်နေပါတယ် ယံယံ။"

လောလောဆယ်တော့ မနက်ဖြန်တွင်၀တ်ရမည့်၀တ်စုံများကို အဆင်ပြေမပြေ၀တ်ကြည့်ရန် ရွှေဝင့်ဝါနဲ့ချိန်းထားသည့်ဆိုင်ကြီးသို့သူ့အဖေလူတွေနဲ့အတူထွက်လာရသည်။

ထိုမှတစ်ဆင့်ပြန်ခိုးထွက်ရမှာဖြစ်သည်။အပြင်တွင်စောင့်နေကြသော သူများကို ဇေရဲက အာရုံလွှဲထားပေးတုန်း ထိန်ယံလင်းအမြန်ခိုးထွက်ခဲ့သော်လည်း
လမ်းတွင်စောင့်နေသည့် သူ့အဖေကားနဲ့တိုးသည်။ထို့ကြောင့် Taxiတားရန်ပြင်နေသည့်လက်များရပ်တန့်သွားရင်း

" ပါး..."ဟု ရေရွတ်မိသွားသည်။

သူ့အဖေလူများကဆင်းလာပြီး သူ့ကိုကားထဲအတင်းထိုးထည့်သည်။
ထိန်ယံလင်းမှာ ရုန်းရင်းကန်ရင်း ကားထဲပါသွားပြီး သူ့အဖေကသူ့အား တစ်ချက်ထိုးသည်။

" ဒီလောက်အတန်တန်သတိပေးထားတဲ့ကြားက မင်းကအတင်းခွေးဇာတ်ခင်းချင်နေတာပေါ့လေ ဟုတ်လား ထိန်ယံလင်း။"

ထိန်ယံလင်းကအထိုးခံရပေမဲ့ မျက်နှာကိုပြန်မော့ရင်း
"ပါး ကြိုက်သလောက်ကျွန်တော့်ကိုထိုးလို့ရတယ်။ ကျွန်တော်ရွှေ၀င့်ဝါနဲ့လက်မထပ်ချင်ဘူး။ပါးရဲ့အမိန့်တွေကိုလည်း ဆက်ပြီးမနာခံချင်တော့ဘူး ကျေးဇူးပြုပြီး ကျွန်တော့်ကိုလွှတ်ပေးလိုက်တော့။
အခုအတင်းခေါ်ထားလည်း မနက်ဖြန်ကျရင် ကျွန်တော်အကုန်လုံးရှေ့တရား၀င်ပြောပြီးဖျက်ပစ်မှာ ဘာကိုမှဂရုမစိုက်တော့ဘူး။ "

You Are My Happiness Where stories live. Discover now