အပိုင်း (၂၁) ခင်ဗျားကိုယ်က အစိတ်အပိုင်းတိုင်းကိုမြတ်နိုးတယ်

8.7K 822 67
                                    

Uni,

You Are My Happiness (Part 21)

ဇိုင်းမြတ်မဟာမောင်က သူ့အားဂရုမစိုက်စွာတကယ်ကြီးတံခါးပိတ်သွားခဲ့သည်။ သူကလည်း စောင့်နေပါမည်ဟုပြောခဲ့တာကြောင့် တကယ်ရပ်စောင့်နေခဲ့သည်။ အချိန်နာရီတွေသာကုန်သွားပေမဲ့ ထိုကောင်လေးကတံခါးထပ်မဖွင့်လာပေ။

စိတ်ပျက်ခြင်းတွေနဲ့အတူ ညောင်းညာနေပြီဖြစ်တဲ့ခြေထောက်တွေကြောင့်
တွေ့သည့် ခုံလေးတွင်၀င်ထိုင်လိုက်တော့သည်။ စိတ်ညစ်လျှင်အဖော်ပြုနေကြ ဆေးလိပ်လေးကို အိတ်ကပ်တွေထဲရှာကြည့်လိုက်သော်လည်းမပါလာတာကြောင့် ပိုစိတ်ညစ်သွားရသည်။

ဒီအတောအတွင်း သူဆေးလိပ်မသောက်ဖြစ်တာအတော်ကြာနေပြီဖြစ်သည်။
ထိန်ယံလင်းလည်း သူ့ကိုယ်သူနားမလည်တော့ပေ။ ဘာကြောင့်များ ဒီအချိန်ထိစောင့်နေခဲ့ရသလဲ။ နေထိုင်လာခဲ့သည့်တစ်လျှောက်လုံး ယခုလိုအဖြစ်အပျက်မျိုးမကြုံခဲ့ဖူး။ သူကိုယ်တိုင်လည်း တစ်စုံတစ်ယောက်ကြောင့် ယခုလိုလုပ်ရပ်တွေလုပ်ရမည်ဟု တစ်ခါမျှမတွေးခဲ့ဖူးချေ။

" ဇိုင်းမြတ်မဟာမောင်....ကိုယ်မင်းကိုတကယ်ကြီးသဘောကျနေပြီထင်တယ်"

ထိန်ယံလင်း၏စကားကိုထောက်ခံသည့်ဟန်ဖြင့် ကောင်းကင်ထက်မှ မိုးများရုတ်တရက်ရွာချလာတော့သည်။ ကားကမလှမ်းမကမ်းတွင်ရှိနေသော်လည်း ထိန်ယံလင်းသူ့ခြေထောက်များကိုမရွေ့ချင်တော့ ထိုင်လက်စနေရာတွင်သာ ဆက်ထိုင်နေတာကြောင့် မိုးရေစက်များက သူ့ခန္ဓာကိုယ်အနှံ့ကျဆင်းစိုရွဲကုန်လေသည်။

မိုးရေထဲ အတော်ကြာထိုင်နေပြီးနောက် စိတ်ထဲမျှော်လင့်ချက်အနည်းငယ်မဲ့လာရသည်။
" ဒီလိုဖြစ်သွားတော့လည်း တစ်လက်စထဲမကောင်းပေဘူးလား။ ဘာပဲဖြစ်ဖြစ် ထိုကောင်လေးနဲ့ တစ်သက်လုံးအတူနေလို့ရတာလည်းမဟုတ်ပေ။ "
သူလည်း သူ့စိတ်ကို ဒီမိုးရေတွေနဲ့အတူ ဖြတ်တောက်ပစ်ဖို့တွေးလိုက်သည်။

စိတ်ကဖြတ်မည်ပြောနေပေမဲ့ သူ့အကြည့်တွေက ဇိုင်းရှိနေသည့် နေရာကိုကြည့်ရင်း တံခါးများဖွင့်လာမလား မျှော်မိပြန်သည်။

You Are My Happiness Where stories live. Discover now