အပိုင်း (၃၄) ကိုယ်ကတိတည်မှာပါ မောင်

6.9K 654 100
                                    

Uni,

You Are My Happiness (Part 34)

ထိန်ယံလင်း မျက်လုံးနှစ်လုံးပွင့်လာချိန်တွင် ဆေးရုံအခန်းထဲ၌ရောက်ရှိနေသည်။မနေ့ထဲကမေ့သွားတာဖြစ်ပြီး နောက်မနက်မှပြန်နိုးတာဖြစ်သည်။

ဇေရဲကသူနိုးလာတာမြင်၍ ချက်ချင်းအနားထလာသည်။

" Boss အဆင်ပြေရဲ့လား တစ်ခုခုမသက်မသာဖြစ်တာရှိလား။"

" ဇိုင်း...ဇိုင်းဘယ်မှာလဲ ဇေရဲ?"

ဇေရဲက စိတ်မကောင်းစွာပြောသည်။

" ကယ်ဆယ်ရေးတွေရှာဖွေနေတုန်းပါ သူ့ကိုတော့မတွေ့သေးဘူး။ "

ထိန်ယံလင်းက လက်ကဆေးပိုက်တွေချက်ချင်းဆွဲဖြုတ်ပစ်လိုက်သည်။
" ငါကိုယ်တိုင်သွားရှာမယ်။"

" Bossသွားလို့မရသေးဘူး။ နိုးလာရင်စစ်ဆေးမှုတွေလုပ်ရမယ်လို့ ဆရာ၀န်တွေကပြောတယ်။Bossကျန်းမာရေးကိုအရင်စစ်ကြည့်ရအောင်နော် "

" ငါဂရုမစိုက်ဘူး ဇေရဲ။ ဇိုင်း...ဇိုင်းကဘယ်ရောက်နေမှန်းတောင်မသိတာ
ငါ့ကျန်းမာရေးက ဘာအရေးကြီးမှာလဲ။"

ဇေရဲမှာ တားမရတာကြောင့် ထိန်ယံလင်းနောက်ကသာလိုက်ရသည်။
ဟိုရောက်တော့လည်း သတင်းကောင်းတစ်ခုမှမကြားရပေ။

" ကျွန်တော်တို့ ဒီနေ့ရှာပြီးရင် ရပ်ရတော့မှာပါ။ ပေါက်ကွဲမှုကပြင်းထန်တာဆိုတော့ လူကအစရှာမရတော့တာလည်း ဖြစ်နိုင်တယ်ဗျ။ရှာဖွေရေးအဖွဲ့တွေလည်း အခုချိန်ထိတက်နိုင်တာအကုန်လုပ်ခဲ့ကြပြီးပါပြီ။ ကျန်တဲ့အမှုကိစ္စကတော့ သက်ဆိုင်ရာကတာ၀န်ယူသွားမှာပါ။ "

ထိုလူငယ်လေးက ပြောပြီးသွားတော့ ထိန်ယံလင်းကိုယ်မှာယိုင်နဲ့သွားတာကြောင် ဇေရဲကလှမ်းထိန်းပေးရသည်။

" ဇေရဲ တစ်ခြားရှာဖွေမယ့်အဖွဲ့တွေငှားလိုက်ပါ။ဇိုင်းနဲ့ပတ်သတ်တာတစ်ခုခုမရမချင်း ငါမယုံနိုင်ဘူး။ ဇိုင်းကလှေပေါ်ပြန်မပါလာတာလည်းဖြစ်နိုင်တာပဲလေ။"

" ဟုတ် ကျွန်တော်လုပ်ခိုင်းလိုက်ပါ့မယ်။ရိုက်နှက်ကြတဲ့ တရားခံတွေကိုလည်း မျက်မြင်သက်သေအကူအညီနဲ့ ဖမ်းလို့ရပြီ အဲ့တာကိုေရာဆက်လုပ်ရမှာလား။ "

You Are My Happiness Where stories live. Discover now